ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 8 March 2011

၈။ အာရညကသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် အာနပါနဿတိကို ကြိမ်ဖန်များစွာ အလေ့အလာပြုလျှင် မကြာမြင့်မီပင် အရတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်သည် (ရဟန္တာဖြစ်သွားနိုင်သည်)။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ၂။ ၃။ (ရှေ့ သုတဓရသုတ်နှင့် တူသည်)

၎။ တော၌ နေသည်၊ (လူသာကင်းဆိတ်သော တောကျောင်း၌ နေသည်။)

၅။ ကိလေသာမှ လွတ်မြောက်ခဲ့ဖူးသော စိတ်ကို ဆင်ခြင်သည်၊ (ဆင်ခြင်ပြီး အထက်သို့ တက်ဖို့ ကြိုးစားသည်။)

ဆောင်- ကိစ္စလည်း နည်း၊ စားသောက်နည်းနှင့်၊ အိပ်နည်း နိုးကြား၊ တောစွန်ဖျားနေ၊ လွတ်လေ စိတ်စဉ်၊ ရူဆင်ခြင်ကာ၊ အာနာပါန၊ ပွါးများကလျှင်၊ မကြာခင်၊ မှန်ပင် အရတ္တဖိုလ် ထိုးထွင်းသိ။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment