ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 6 March 2011

၉။ ထေရ၀ဂ် (မထေရ်အကြောင်းကို ပြသည့် သုတ်ပါသော အခန်း)



၁။ ရဇနီယသုတ်



ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် မထေရ် ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်ခင်ထိုက် မမြတ်နိုးထိုက် အလေးဂရု မပြုထိုက် မချီးမွမ်းထိုက်သူ ဖြစ်သည်။



ယင်း ၅-မျိုးမှာ -



၁။ စွဲမက်ဖွယ် အာရုံ၌ စွဲမက်သည်။



၂။ စိတ်မနှစ်သက် ဒေါသထွက်ဖွယ် အာရုံ၌ ဒေါသထွက်သည်။



၃။ တွေဝေဖွယ် အာရုံ၌ တွေဝေသည်။



၎။ အာဃာတထား အမျက်ပွါးဖွယ်အာရုံ၌ အာဃာတထား အမျက်ပွါးသည်။



၅။ မာနပွါးဖွယ် အာရုံ၌ မာနပွါးသည်။





ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်ခင်ထိုက် မြတ်နိုးထိုက် အလေးဂရုပြုထိုက် ချီးမွမ်းထိုက်သူ ဖြစ်သည်။



ယင်း ၅-မျိုးမှာ -



၁။ စွဲမက်ဖွယ် အာရုံ၌ မစွဲမက်။



၂။ စိတ်မနှစ်သက် ဒေါသထွက်ဖွယ် အာရုံ၌ ဒေါသမထွက်။



၃။ တွေဝေဖွယ် အာရုံ၌ မတွေဝေ။



၎။ အာဃာတထား အမျက်ပွါးဖွယ်အာရုံ၌ အာဃာတ မထား အမျက်မပွါး။



၅။ မာနပွါးဖွယ် အာရုံ၌ မာနမပွါး။



ဆောင် - စွဲမက်ဖွယ်များ၊ စွဲမက်ငြား၊ လေးစားချစ်ခင် မပြုအပ်။



ပြစ်မှားဖွယ်များ၊ ပြစ်မှားငြား၊ လေးစားချစ်ခင် မပြုအပ်။



တွေဝေဖွယ်များ၊ တွေဝေငြား၊ လေးစားချစ်ခင် မပြုအပ်။



ရန်ငြိုးဖွယ်များ၊ ရန်ငြိုးထား၊ လေးစားချစ်ခင် မပြုအပ်။



မာန်တက်ဖွယ်များ၊ မာန်တက်ငြား၊ လေးစားချစ်ခင် မပြုအပ်။



ပထမသုတ် ပြီး၏။

No comments:

Post a Comment