ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 6 March 2011

၇။ အနာဂတ ဘယသုတ်


ရဟန်းတို့ !

တောကျောင်းနေ ရဟန်းသည် ဤဆိုလတံ့သော အနာဂတ်ဘေး ၅-မျိုးကို သေသေချာချာ မြင်လျှင် မရောက်သေး, မရသေးသည့် ဈာန်,မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် သတိအလစ်မပေးဘဲ နိဗ္ဗာန်ဦးတည်ချက်ဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားနေသင့်သည်၊ နေရမည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ တောကျောင်းနေ ရဟန်းသည် -

၁။ “ယခုအခါ ငါသည် တောထဲ၌ တစ်ယောက်တည်း နေရသည်၊ မြွေ, ကင်းမြီးကောက်, ကင်းခြေများ တစ်မျိုးမျိုး အကိုက်ခံရခြင်းကြောင့် အသက်သေခြင်းစသော အန္တရာယ်များ ငါ့မှာ ဖြစ်လာနိုင်သည်၊ ယခုအခါ ငါသည် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစား အားထုတ်တော့အံ့” ဟု ဆင်ခြင်သည်။

ဤကား ပထမ အမျိုးအစား အနာဂတ်ဘေးတည်း။


၁။ “ယခုအခါ ငါသည် တောထဲ၌ တစ်ယောက်တည်း နေရသည်၊ စားထားသော အစာကလည်း ဒုက္ခပေးနိုင်သည်၊ သည်ခြေပျက်, သလိပ်ပျက်ရောဂါများလည်း ရနိုင်သည်၊ လေလည်း ဖြတ်နိုင်သည်၊ ထို့ကြောင့် အသက်သေခြင်းစသော အန္တရာယ်များ ငါ့မှာ ဖြစ်လာနိုင်သည်။ ယခုအခါ ငါသည် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစားအားထုတ်တော့အံ့” ဟု ဆင်ခြင်သည်။

ဤကား ဒုတိယ အမျိုးအစား အနာဂတ်ဘေးတည်း။


၃။ “ယခုအခါ ငါသည် တောထဲ၌ တစ်ယောက်တည်း နေရသည်၊ ငါသည် ခြင်္သေ့, သစ်, ကျား စသော သားရဲတစ်မျိုးမျိုးနှင့် တွေ့ကြုံရသဖြင့် အသက်သေခြင်းစသော အန္တရာယ်များ ငါ့မှာ ဖြစ်လာနိုင်သည်၊ ယခုအခါ ငါသည် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန်ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစား အားထုတ်တော့အံ့” ဟု ဆင်ခြင်သည်။

ဤကား တတိယ အမျိုးအစား အနာဂတ်ဘေးတည်း။


၎။ “ယခုအခါ ငါသည် တောထဲ၌ တစ်ယောက်တည်း နေရသည်၊ အန္တရာယ်များ ငါ့မှာ ဖြစ်လာနိုင်သည်၊ ယခုအခါ ငါသည် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်, မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစားအားထုတ်တော့အံ့” ဟု ဆင်ခြင်သည်။

ဤကား စတုတ္ထ အမျိုးအစား အနာဂတ်ဘေးတည်း။


၅။ “ယခုအခါ ငါသည် တောထဲ၌ တစ်ယောက်တည်း နေရသည်၊ ကြမ်းကြုတ်သော ဘီလူးတို့သည် တောထဲ၌ နေလေ့ရှိကြသည်၊ ထိုဘီလူးတို့ကြောင့် အသက်သေခြင်းစသော အန္တရာယ်များ ငါ့မှာ ဖြစ်လာနိုင်သည်၊ ယခုအခါ ငါသည် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစား အားထုတ်တော့အံ့” ဟု ဆင်ခြင်သည်။

ဤကား ပဉ္စမ အမျိုးအစား အနာဂတ်ဘေးတည်း။

ဆောင် - တစ်ယောက်တည်းပေ၊ တော၌ နေသည်၊ မသွေ ငါ့အား၊ မြွေ, ကင်းများနှင့်၊ ဖြစ်ငြား ရောဂါ၊ တောမှာ သားကောင်၊ မိုက်ခေါင် လူဆိုး၊ ဘီလူးမျိုးများ၊ တွေ့ကြုံငြား၍၊ သေကာ သေနိုင်၊ ယခု တိုင်က၊ ဖြိုင်ဖြိုင် ကြိုးစား၊ မြတ်တရား၊ ရှာထား ရဖို့သင့်။

အန္တရာယ် - ၁။ အသက်အန္တရာ၊ ၂။ အကျင့်မြတ်အန္တရာယ်၊ ၃။ နတ်ပြည်ရောက်မူ အန္တရာယ်၊ ၄။ မဂ်ရမူအန္တရာယ်။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment