ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 6 March 2011

၉။ တတိယ အနာဂတဘယသုတ်


ရဟန်းတို့ ! ဤဆိုလတံ့သော အနာဂတ်ဘေး ၅-မျိုးသည် ယခုအခါ မဖြစ်ပေါ်ကုန်သေး၊ နောင်အခါ ဖြစ်ပေါ်ကြလိမ့်မည်၊ ထိုဘေးတို့ကို သင်တို့ သိထားရမည်၊ သိပြီ ထိုဘေးတို့ကို ပယ်ရန် အားထုတ်ရမည်။

ယင်း ၅-မျိုးမှာ -

အနာဂတ်ကာလ၌ ရဟန်းတို့သည် -

၁။ ကာယာနုပဿနာကို မပွါးများသူ, သီလ သမာဓိ ပညာကိုမပွါးများသူတို့ ဖြစ်ကြလိမ့်မည်။

ထိုသို့ ကိုယ်တိုင် မပွါးများသူများဖြစ်ပါလျက် ဥပဇ္ဈာယ်လုပ်၍ သူတပါးတို့ကိုလည်း ရဟန်းခံပေးကြလိမ့်ဦးမည်။

သို့သော်လည်း ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသော ထိုဆရာများ အဓိသီလ, ဓိစိတ္တ, အဓိပညာအရာ၌ တပည့်တို့ကို ဆုံးမနိုင်ကြလိမ့်မည် မဟုတ်။

အဆိုပါ ဆရာတို့ထံ ရဟန်းဖြစ်လာကြသော အနာဂတ် ဆရာ, တပည့်စဉ်ဆက် တို့သည်လည်း မိမိတို့ ဆရာသမားများနည်းတူ ကိုယ်တိုင်ကလည်း ပွါးများသင့်သည်ကို မပွားများကြ၊ ဥပဇ္ဈာယ်လုပ်၍ တပည့်များကို ရဟန်းခံပေးကြသော်လည်း အဓိသီလ စသည်အရာ၌ တပည့်တို့ကို ဆုံးမနိုင်ကြလိမ့်မည်မဟုတ်။

ဤသို့လျှင် သမထ, ၀ိပဿနာတရား ပျက်စီးကွယ်ပခြင်းကြောင့် သံဝရ၀ိနည်းစသော ၀ိနည်း ၅-မျိုး ပျက်စီးကွယ်ပတော့သည်၊ သံဝရ၀ိနည်းစသော ၀ိနည်း ၅-မျိုး ပျက်စီးကွယ်ပလျှင် သမထ, ၀ိပဿနာတရားလည်း ပျက်စီးကွယ်ပတော့သည်။

ဤကား ပထမ အနာဂတ်ဘေးတည်း။


၂။ ကာယာနုပဿနာကို မပွါးများသူ, သီလ, သမာဓိ, ပညာကို မပွါးများသူတို့ ဖြစ်ကြလိမ့်မည်။

ထိုသို့ ကိုယ်တိုင် မပွါးများသူများဖြစ်ပါလျက် အခြားသူတို့အား နိဿရည်းပေးကြလိမ့်ဦးမည်။

သို့သော်လည်း နိဿရည်းပေးသူ ထိုဆရာများ အဓိသီလ, နိဿရည်းပေးကြလိမ့်ဦးမည်။

သို့သော်လည်း နိဿရည်ပေးသူ ထိုဆရာများ အဓိသီလ, အဓိစိတ္တ, အဓိပညာအရာ၌ တပည့်တို့ကို ဆုံးမနိုင်ကြလိမ့်မည် မဟုတ်။

အဆိုပါ ဆရာတို့ထံ နိဿရည်ခံယူကြသော အနာဂတ် ဆရာ, တပည့်စဉ်ဆက်တို့သည်လည်း မိမိတို့ ဆရာသမားများနည်းတူ ကိုယ်တိုင်ကလည်း ပွါးများသင့်သည်ကိုမပွါးများကြ၊ အခြားသူတို့ကို နိဿရည်းပေးကြသော်လည်း ဓိသီလ စသည်အရာ၌ တပည့်တို့ကို ဆုံးမနိုင်ကြလိမ့်မည် မဟုတ်။

ဤသို့လျှင် သမထ, ၀ိပဿနာတရား ပျက်စီးကွယ်ပခြင်းကြောင့် ။ပ။ ပျက်စီးကွယ်ပ တော့သည်။ (နံပါတ် ၁-အတိုင်း ဖော်၍ သိလေ)


၃။ ကာယာနုပဿနာကို မပွါးများသူ, သီလ သမာဓိ ပညာကို မပွါးများသူတို့ ဖြစ်ကြလိမ့်မည်။

ထိုသို့ ကိုယ်တိုင်မပွားများသူများဖြစ်ပါလျက် သီလစသည့် မြတ်သော တရားစကား, ဉာဏ်ပညာနှင့် စပ်သော စကားတို့ကို ဟောပြောကြသည်၊ ဟောပြောရင်း မည်းညစ်သော အကုသိုလ်တရားဘက်သို့ သက်ဝင် ကူးပြောင်းသွားကြပြီး ဖြူစင်သန့်ရှင်းသော တရားမှန်ကို သိမြင်နိုင်ကြလိမ့်မည် မဟုတ်။

ဤသို့လျှင် သမထ, ၀ိပဿနာတရား ပျက်စီးကွယ်ပခြင်းကြောင့် ။ပ။ ပျက်စီးကွယ်ပ တော့သည်။ (နံပါတ် ၁-အတိုင်း ဖော်၍ သိလေ)

ဤကား တတိယ အနာဂတ်ဘေးတည်း။


၎။ ကာယာနုပဿနာကို မပွါးများသူ, သီလ, သမာဓိ, ပညာကို မပွါးများသူတို့ ဖြစ်ကြလိမ့်မည်။

ထိုသို့ ကိုယ်တိုင် မပွားများကြသူဖြစ်ပါလျက် ပါဠ်အားဖြင့်လည်း နက်နဲ, အနက်အဓိပ္ပါယ် အားဖြင့်လည်း နက်နဲ, လောကုတ္တရာတရားကိုလည်း ထွန်းပြတတ်, သတ္တမှလည်း ကင်းဆိတ်ကုန်သည့် ဘုရားော သုတ္တန်တရားများ ဟောကြားသည့်အခါ ဂရုတစိုက်လည်း မနာယူကြ၊ နားလည်း မထောင်ကြ၊ သိလိုစိတ်လည်း မထားကြ၊ ထိုတရားတို့ကို သင်ယူသင့် ထပ်တလဲလဲ လေ့လာသင့်၏ ဟူ၍လည်း မှတ်ထင်းကြလိမ့်မည် မဟုတ်။

စာရေး(ကဗျာ)ဆရာတို့ တီထွင်ရေးသားထားကြသည့် စကားလုံး အသုံးအနူန်းဆန်းများ ပါဝင်သော သာသနာပပုဂ္ဂိုလ်တို့စာပေများ ဟောကြားသည့်အခါ ဂရုတစိုက်လည်း နာယူကြလိမ့်မည်၊ ထိုစာပေများကို သင်ယူသင့် ထပ်တလဲလဲ လေ့လာသင့်၏ဟူ၍လည်း မှတ်ထင်ကြလိမ့်မည်။

ဤသို့လျှင် သမထ, ၀ိပဿနာတရား ပျက်စီးကွယ်ပခြင်းကြောင့် ။ပ။ ပျက်စီးကွယ်ပ တော့သည်။ (နံပါတ် ၂-အတိုင်း ဖော်၍ သိလေ)

ဤကား စတုတ္ထ အနာဂတ်ဘေးတည်း။


၅။ ကာယာနုပဿနာကိုမပွါးများသူ, သီလ, သမာဓိ, ပညာကို မပွါးများသူတို့ ဖြစ်ကြလိမ့်မည်။

ထိုသို့ ကိုယ်တိုင်မပွားများကြသူများဖြစ်ပါလျက် မထေရ်ကြီးရဟန်းတို့သည် လာဘ်လာဘ များဖို့သာ ကျင့်ကြလိမ့်မည်၊ သိက္ခာကို ပေါ့ပေါ့ လျော့လျော့သာ ကျင့်ကြလိမ့်မည်၊ ကာယ, စိတ္တ, ဥပဓိ-ဟူသော ၀ိဝေက တရားများကိုတော့ တာဝန်မဲ့ ထားကြလိမ့်မည်။

မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစား အားထုတ်ကြလိမ့်မည် မဟုတ်။

နောင်လာနောက်သား တပည့်စဉ်ဆက်တို့သည်လည်း ထိုဆရာများ၏ အမူအကျင့်အတိုင်း အတုလိုက်ကာ လာဘ်လာဘများဖို့သာ ကျင့်ကြလိမ့်မည်၊ သိက္ခာကို ပေါ့ပေါ့လျော့လျော့သာ ကျင့်ကြလိမ့်မည်၊ ကာယ, စိတ္တ, ဥပဓိ-ဟူသော ၀ိဝေကတရားများကိုတော့ တာဝန်မဲ့ ထားကြလိမ့်မည်။

ဤသိုပလျှင် သမထ, ၀ိပဿနာတရား ပျက်စီးကွယ်ပခြင်းကြောင့် ။ပ။ ပျက်စီးကွယ်ပတော့သည်။ (နံပါတ် ၁-အတိုင်း ဖော်၍ သိလေ)

ဤကား ပဉ္စမ အနာဂတ်ဘေးတည်း။


ဆောင် - နောင် အခါကား၊ ရဟန်းများတို့၊ ပွါးများ ရူမှတ်၊ မပြုလတ်ဘဲ၊ ပရိသတ် ခြံရံ၊ ရဟန်း ခံပေး၊ တပည့် မွေးကာ၊ အဘိဓမ္မာစကား၊ ဟောတုံငြားလျှင်၊ အကုယှဉ်ကာ၊ မှန်စွာ မသိကြ၊ ဗုဒ္ဓဟောကြား၊ သုတ္တန်များကို၊ မနာလိုချင်၊ အပြင်ဆရာ၊ ဟောတာ လိုလား၊ လာဘ်များအောင် ကျင့်၊ ဤငါးဆင့်၊ မှတ်လင့် အနာဂတ်ဘေး။

မှတ်ချက် - သမထ, ၀ိပဿနာ ကိုယ်ဝန်မတည် အစမပျိုးနိုင်လျှင် သံဝရ-စသော ၀ိနည်း ၅-မျိုး မပေါက်ဖွားနိုင်။

သမထ, ၀ိပဿနာတရားပျက်လျှင် ၀ိနည်းပျက်တော့သည်။

သီလမရှိသူမှာ သံဝရ၀ိနည်းမည်သည် မဖြစ်နိုင်၊ သံဝရ၀ိနည်း မရှိလျှင်လည်း သမထ, ၀ိပဿနာ ကိုယ်ဝန်မတည် အစ မပျိုးနိုင်၊ ၀ိနည်းပျက်လျှင် သမထ, ၀ိပဿနာတရား ပျက်တော့သည်။

န၀မသုတ် ပြီး၏။

No comments:

Post a Comment