ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 March 2011

၁၅။ တိကဏ္ဍကီဝဂ် (ဆူးလေတော၌ ဟောသည့် သုတ်ပါသော အခန်း)


၁။ အ၀ဇာနာတိ သုတ်

ရဟန်းတို့ ! လောက၌ ဤဆိုလတံ့သော ပုဂ္ဂိုလ် ၅-မျိုးတို့ ထင်ရှား ရှိကြသည်။

ယင်း ၅-မျိုးမှာ -

၁။ ပေးပြီး၍ မထီမဲ့မြင် မလေးမစားပြုသူ။

၂။ အတူပေါင်းသင်းခြင်းဖြင့် မထီမဲ့မြင် ပြုသူ။

၃။ ပထမ ပြောစကားကိုသာ ယုံကြည်လက်ခံသူ။

၎။ လျှပ်ပေါ်လော်လည်သူ။

၅။ ဉာဏ်လေးသူ အသိဉာဏ်မရှိသူ။


၁။ ပေးပြီး၍ မထီမဲ့မြင် မလေးမစားပြုသူ -

တစ်ဦးက အခြားတစ်ဦးကို သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်း ပေးပြီး “ငါကား ပေးရသူဖြစ်သည်၊ သူက ယူသူဖြစ်သည်” ဟု သဘောပိုက်ကာ ယူသူအပေါ် မထီမဲ့မြင် မလေးမစားပြုသော ပေးသူ။


၂။ အတူပေါင်းသင်းခြင်းဖြင့် မထီမဲ့မြင် ပြုသူ -

တစ်ဦးနှင့် တစ်ဦး ၂-နှစ် ၃-နှစ် အတူပေါင်းသင်းနေထိုင်ပြီး အတူနေဖက်ပုဂ္ဂိုလ်ကို မထီမဲ့မြင် မလေးမစားပြုသော သူ။


၃။ ပထမ ပြောစကားကိုသာ ယုံကြည်လက်ခံသူ -

တစ်ဦးဦးက ချီးမွမ်းမူ ကဲ့ရဲ့မူ တစ်ခုခုကို ပြောဆိုလာရာ၌ ထိုပထမ ပြောသူ စကားကိုသာ လျင်မြန်စွာ လက်ခံယုံကြည်တတ်သူ။


၎။ လျှပ်ပေါ်လော်လည်သူ -

သဒ္ဓါအရာ, ဆည်းကပ်မူ အရာ, ချစ်ခင်မူ အရာ, ကြည်ညိုဖွယ်အမူအရာတို့၌ လေးနက်မူ ခိုင်မြဲမူ မရှိသူ၊ ဟန်ဆောင်မူလောက်သာ ရှိသူ။


၅။ ဉာဏ်လေးသူ အသိဉာဏ်မရှိသူ -

ကုသိုလ်, အကုသိုလ် တရားတို့ကိုလည်း မသိသူ၊ အပြစ် ရှိ, မရှိသော တရားတို့ကိုလည်း မသိသူ၊ အယုတ်, အမြတ်တရားတို့ကိုလည်း မသိသူ၊ မည်း ညစ်, ဖြူစင်သော တရားတို့ကိုလည်း မသိသူ။

ဆောင် - ပေး၍ တစ်ဖြာ၊ ပေါင်းသင်းကာဖြင့်၊ ပြုကာ မလေးစား၊ အရင်စကား ယုံ၊ လျှပ်ပေါ်တုံ နှင့်၊ ကင်းတုံ အသိ၊ ငါးမျိုးရှိ၊ မှတ်သိ ရှောင်သင့် ပုဂ္ဂိုလ်များ။

ပထမသုတ် ပြီး၏။

No comments:

Post a Comment