ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 5 March 2011

၂။ ဒုတိယ စေတောဝိမုတ္တိဖလသုတ်


ရဟန်းတို့ ! ဤဆိုလတံ့သော တရား ၅-မျိုးကို ကြိမ်ဖန်များစွာ လေ့လာပွါးများသည်ရှိသော် ကိလေသာမှ လွတ်မြောက်သည့် အရဟတ္တ ဖိုလ်စိတ်, အရဟတ္တဖိုလ်ပညာဟူသော အကျိုး, အာနိသင် ရရှိနိုင်သည်။

ယင်း ၅-မျိုးဟူသည်မှာ -

၁။ အနိစ္စသညာ၊

၂။ အနိစ္စ၌ ဒုက္ခသညာ၊

၃။ ဒုက္ခ၌ အနတ္တ သညာ၊

၎။ ပဟာနသညာ၊

၅။ ၀ိရာဂသညာ တို့တည်း။

(အနိစ္စသညာ-မမြဲဟူသော အမှတ်၊ ဒုက္ခသညာ-ဆင်းရဲ၏ဟူသော အမှတ်၊ အနတ္တသညာ-အလိုသို့မလိုက်ဟူသော အမှတ်၊ ပဟာနသညာ-ခန္ဓာပေါ်၌ တွယ်တာမူတဏှာကို ပယ်စွန့်ထိုက်သည်ဟူသော အမှတ်၊ ၀ိရာဂသညာ-တွယ်တာစရာ မဟုတ်ဟူသော အမှတ်)

ယင်းသို့ အရဟတ္တဖိုလ်စိတ်, အရဟတ္တဖိုလ်ပညာရှိလာသော ရန်းကို တံခါးကျည် မင်းတုပ်ကို ဖယ်ထုတ်ပြီးသူ, ကျုံးကို ဖျက်ဆီးပြီးသူ, တံခါးတိုင်ကို နူတ်ပြီးသူ, တံခါးရွက်ကို ဖွင့်ပြီးသူ, အလံကိုလည်း ချ ၀န်ကိုလည်းချ ၀ဋ်ဆင်းရဲနှင့် မစပ်ယှဉ်သည့် မြတ်သောသူု ဆိုအပ်သည်။

တံခါးကျည် မင်းတုပ်ကို ဖယ်ထုတ်ပြီးသူ ဆိုသည်မှာ -

(စသည်ဖြင့် ရှေ့သုတ်အတိုင်း သိလေ)

ဆောင် - အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ ပဟာ, ၀ိရာဂ၊ ငါးဝ သညာ၊ ပိုင်သူမှာကား၊ တံခါးကျည်ပယ်၊ တသွယ် ကျုံးဖျက်၊ နူတ်လျက် တံခါးတိုင်၊ ဖွင့်နိုင် တံခါး၊ ချငြား အလံ၊ မှတ်ဖို့ရန်၊ ဟောပြန် အင်္ဂုတ္တိုရ်။

ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment