ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 March 2011

၎။ စတုတ္ထ သုတ် -၅၀


၁၆။ သဒ္ဓမ္မ၀ဂ် (သူတော်ကောင်းတရားနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)

၁။ ပထမ သမ္မတ္တနိယာမသုတ်

ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာရသော်လည်း အရိယာမဂ်သို့ သက်ဝင်ရန် မထိုက်တန်။

ယင်း ၅-မျိုးမှာ -

၁။ ဟောကြားသောတရားကို မထီလေးစား ပြုသည်။

၂။ တရားဟော ပုဂ္ဂိုလ်ကို မထီလေးစား ပြုသည်။

၃။ မိမိကိုယ်ကို မထီလေးစား ပြုသည်။

၎။ စိတ်ပျံ့လွင့်သည်ဖြစ်၍ စိတ်မတည်ငြိမ်ဘဲ တရားနာသည်။

၅။ မသင့်မတင့်လည်း နှလုံးသွင်းသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကိုနာရသည် ရှိသော် အရိယာမဂ်သို့ သက်ဝင်ရန် ထိုက်တန်သည်။

ယင်း ၅-မျိုးမှာ -

၁။ ဟောကြားသောတရားကို မထီလေးစား မပြု။

၂။ တရားဟော ပုဂ္ဂိုလ်ကို မထီလေးစား မပြု။

၃။ မိမိကိုယ်ကို မထီလေးစား မပြု။

၎။ စိတ်ပျံ့လွင့်သည်ဖြစ်၍ စိတ်တည်ငြိမ်စွာ တရားနာသည်။

၅။ သင့်သောအားဖြင့်လည်း နှလုံးသွင်းသည်။


ဆောင် - ဟောသော တရား၊ ဟောကြား ပုဂ္ဂိုလ်၊ မိမိကိုယ်လျှင်၊ အထင်သေးငြား၊ စိတ်ထား ပျံ့လွင့်၊ မသင့် နှလုံးသွင်း၊ နာယူလျှင်၊ မယွင်းမဂ်သို့ မရောက်နိုင်။

မှတ်ချက် - အရိယာမဂ်သည် ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောလည်းရှိသည်, အကျိုးရဖို့လည်း သေချာသည်။

ပထမသုတ် ပြီး၏။

No comments:

Post a Comment