ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 7 March 2011

၈။ ထေရသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် မထေရ် ရဟန်းသည် သတ္တ၀ါအများ၏ အစီးအပွါးမဲ့ရန် ချမ်းသာမဲ့ရန် အကျိုးမဲ့ရန်, နတ်လူအများ၏ အစီးအပွါးမဲ့ရန် ဆင်းရဲရန် ကျင့်သူဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ မထေရ်ကြီးဖြစ်သည်၊ ရဟန်းဝါ ရင့်သည်၊ ရဟန်းသက် ရှည်သည်။

၂။ လူကြား ရှင်ကြားတွင် ထင်ရှားသည်၊ ကျော်စောသည်၊ အသိုင်းအ၀ိုင်း များသည်။

၃။ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်း လာဘ်လာဘ ပေါများသည်။

၎။ ရှေ့ သီလ၀န္တသုတ်၌ ဆိုခဲ့ပြီးသည့်အတိုင်း အကြားအမြင် ဗဟုသုတရှိသည်။

၅။ မိစ္ဆာအယူရှိသည်၊ ဖောက်ပြန်သော ဉာဏ်အမြင် ရှိသည်။

ထိုရဟန်းသည် လူများစွာကို သူတော်ကောင်း လမ်းစဉ်မှ သွေဖည်ပြီး မသူတော်လမ်းစဉ်ဘက်သို့ တွန်းပို့ပေးသည်။


ထို မိစ္ဆာဒိဋ္ဌိကောင် ရဟန်းဆို၏ -

(က) အသက် သိက္ခာကြီးမူကို အကြောင်းပြု၍လည်း သူ့ကို အတုလိုက် ကျင့်ကြသည်။

(ခ) ထင်ရှားကျော်ကြား အသိုင်းအ၀ိုင်းများမူကို အကြောင်းပြု၍လည်း သူ့ကို အတုလိုက် ကျင့်ကြသည်။

(ဂ) ပစ္စည်းလာဘ်လာဘပေါများ ဘုန်းကြီးမူကို အကြောင်းပြု၍လည်း သူ့ကို အတုလိုက် ကျင့်ကြသည်။

(ဃ) ဗဟုသုတများမူကို အကြောင်းပြု၍လည်း သူ့ကို အတုလိုက် ကျင့်ကြသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် မထေရ်ရဟန်းသည် သတ္တ၀ါများ၏ အစီးအပွါးများရန် ချမ်းသာရန် အကျိုးများရန်, လူနတ်အများ၏ အစီးအပွါးများရန် ချမ်းသာရန် ကျင့်သူဖြစ်သည်။


ယင်း ၅-မျိုးမှာ -

၁။ မထေရ်ကြီးဖြစ်သည်၊ ရဟန်းဝါ ရင့်သည်၊ ရဟန်းသက် ရှည်သည်။

၂။ လူကြား ရှင်ကြားတွင် ထင်ရှားသည်၊ ကျော်စောသည်၊ အသိုင်း အ၀ိုင်း များသည်။

၃။ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်း လာဘ်လာဘ ပေါများသည်။

၎။ ရှေ့ သီလ၀န္တသုတ်၌ ဆိုခဲ့ပြီးသည့်အတိုင်း အကြားအမြင် ဗဟုသုတရှိသည်။

၅။ မှန်ကန်သော အယူရှိသည်၊ မဖောက်ပြန်သော ဉာဏ်အမြင်ရှိသည်။

ထိုရဟန်းသည် လူများစွကို မသူတော်လမ်းစဉ်မှ သွေဖည်ပြီး သူတော်ကောင်းလမ်းစဉ်ဘက်သို့ တွန်းပို့ပေးသည်။


ထိုသမ္မာအယူရှိသူ ရဟန်းမြတ်၏ -

(က) အသက် သိက္ခာကြီးမူကို အကြောင်းပြု၍လည်း သူ့ကို အတုလိုက် ကျင့်ကြသည်။

(ခ) ထင်ရှားကျော်ကြား အသိုင်းအ၀ိုင်းများမူကို အကြောင်းပြု၍လည်း သူ့ကို အတုလိုက် ကျင့်ကြသည်။

(ဂ) ပစ္စည်း လာဘ်လာဘ ပေါများ ဘုန်းကြီးမူကို အကြောင်းပြု၍လည်း သူ့ကို အတုလိုက် ကျင့်ကြသည်။

(ဃ) ဗဟုသုတများမူကို အကြောင်းပြု၍လည်း သူ့ကို အထုလိုက် ကျင့်ကြသည်။

ဆောင် - သိက္ခာ ကြီးမား၊ ခြွေရံ များ၍၊ ပေါများ ပစ္စည်း၊ ဆည်းပူး သုတ၊ ပြည့်စုံကလည်း၊ အယူ လွဲနေ၊ ထိုမထေရ်ကား၊ နောက်သား တစ်သိုက်၊ အတုလိုက်လျက်၊ ဆိုးကျိုးထွက်၊ ကောင်းဘက် ပြောင်းပြန်ယူ။

ဆဋ္ဌမသုတ် ပြီး၏

No comments:

Post a Comment