ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 7 March 2011

၆။ ပဋိသမ္ဘိဒါပတ္တသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော မထေရ် ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်ခင်ထိုက် မြတ်နိုးထိုက် အလးဂရုပြုထိုက် ချီးမွမ်းထိုက်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ အတ္ထပဋိသမ္ဘိဒါ (အနက်အဓိပ္ပါယ်, အကျိုးတရားဆိုင်ရာတို့၌ ခွဲခြားဝေဖန်တတ်သော) ဉာဏ်နှင့် ပြည့်စုံခြင်း။

၂။ ဓမ္မပဋိသမ္ဘဒါ (ပါဠိ, အကြောင်းတရားဆိုင်ရာတို့၌ ခွဲခြား ဝေဖန်တ်သော) ဉာဏ်နှင့် ပြည့်စုံခြင်း။

၃။ နိရုတ္တိ ပဋိသမ္ဘိဒါ (သဒ္ဒါဆိုင်ရာ တို့၌ ခွဲခြား ဝေဖန်တတ်သော) ဉာဏ်နှင့် ပြည့်စုံခြင်း။

၎။ ပဋိဘာနပဋိသမ္ဘိဒါ (ရှေ့ဉာဏ် ၃-ပါးဆိုင်ရာတို့၌ ခွဲခြား ဝေဖန်တတ်သော) ဉာဏ်နှင့် ပြည့်စုံခြင်း။

၅။ သီတင်းသုံးဖော်တို့အတွက် “ဘာလိုအပ်သနည်း၊ ဘာလုပ်ပေးမရလဲ” ဟု မေးမြန်းပြုလုပ်ရမည့် ကိစ္စကြီးငယ်တို့၌ ကျွမ်းကျင်လိမ္မာသည်၊ မပျင်းရိ၊ ဤအချိန်၌ ဤလုပ်ငန်းကို ပြုလုပ်သင့်သည် စသည်ဖြင့် စူးစမ်း ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်၊ ကိုယ်တိုင်ပြုလုပ်နိုင်သည်၊ စီမံခန့်ခွဲနိုင်သည်။

ဆောင် - အတ္ထ, ဓမ္မ၊ တ၀ နိရုတ္တိ၊ ပဋိဘာန၊ ဉာဏ်လေးဝနှင့်၊ ပြုထ များကျိုး၊ ငါးမျိုးရှိနေ၊ ထိုမထေရ်၊ ရိုသေလေးမြတ် ပူဇော်အပ်။

ဆဋ္ဌသုတ် ပြီး၏

No comments:

Post a Comment