ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 March 2011

၂။ အာရဘတိ သုတ်


ရဟန်းတို့ ! လောက၌ ဤဆိုလတံ့သော ပုဂ္ဂိုလ် ၅-မျိုးတို့ ထင်ရှားရှိကြသည်။
ယင်း ၅-မျိုးမှာ -

အချို့ပုဂ္ဂိုလ်သည် -

၁။ အာပတ်ကိုလည်း လွန်ကျူးသည်၊ နှလုံးမသာခြင်းလည်း ဖြစ်သည်၊

အရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။ (အာပတ်-အပြစ်)


၂။ အာပတ်ကို လွန်ကျူးသည်၊ နှလုံးမသာခြင်းကား မဖြစ်၊

အရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။


၃။ အာပတ်ကိုလည်း မလွန်ကျူး၊ နှလုံးမသာခြင်းကာ ဖြစ်သည်၊

အရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။


၎။ အာပတ်ကိုလည်း မလွန်ကျူး၊ နှလုံးမသာခြင်းလည်း မဖြစ်။

အရဟဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။


၅။ အာပတ်ကိုလည်း မလွန်ကျူး၊ နှလုံးမသာခြင်းလည်း မဖြစ်၊

အရတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ သိသည်။ (ရဟန္တာဖြစ်သွားသည်)


အဆိုပါ ပုဂ္ဂိုလ် ၅-မျိုးတွင် -


၁။ နံပါတ် ၁-ပုဂ္ဂိုလ်ကို -

“အရှင်မှာ အာပတ်လွန်ကျူးမူနှင့် နှလုံးမသာမူကြောင့် အာသဝေါတရားတို့ ဖြစ်ပွားနေပါသည်။

တိုက်တွန်းပါသည်၊ အရှင်သည် အဆိုပါ အာသဝေါတရားတို့ကို ပယ်ဖျောက်ပြီးလျှင် ၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို ပွားများပါလော့၊ ဤသို့ ပွားများလျှင် ဖော်ပြခဲ့သည့် ၅-ယောက်မြောက် ရဟန္တာပုဂ္ဂိုလ်နှင့် ဂုဏ်ရည်တူသွားပါလိမ့်မည်” ဟု ပြောဆိုရာသည်။


၂။ နံပါတ် ၂-ပုဂ္ဂိုလ်ကို -

“အရှင်မှာ အာပတ်လွန်ကျူးမူကြောင့်သာဖြစ်သည့် အာသဝေါတရားတို ရှိပါသည်၊ နှလုံး မသာယာမူကြောင့်ကား အာသဝေါတရားတို့ တိုးပွါးပါကုန်။

တိုက်တွန်းပါသည်၊ အရှင်သည် အဆိုပါ အာသဝေါတရားတို့ကို ပယ်ဖျောက်ပြီးလျှင် ၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို ပွားများပါလော့၊ ဤသို့ ပွားများလျှင် ဖော်ပြခဲ့သည့် ၅-ယောက်မြောက် ရဟန္တာပုဂ္ဂိုလ်နှင့် ဂုဏ်ရည်တူသွားပါလိမ့်မည်” ဟု ပြောဆိုရာသည်။


၃။ နံပါတ် ၃-ပုဂ္ဂိုလ်ကို -

“အရှင်မှာ အာပတ်ကို လွန်ကျူးမူကြောင့်ကား အာသဝေါတရားတို့ မရှိပါကုန်၊ နှလုံးမသာမူကြောင့်သာ အာသဝေါတရားတို့ တိုးပွါးပါကုန်သည်။

တိုက်တွန်းပါသည်၊ အရှင်သည် အဆိုပါ အာသဝေါတရားတို့ကို ပယ်ဖျောက်ပြီးလျှင် ၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို ပွားများပါလော့၊ ဤသို့ ပွားများလျှင် ဖော်ပြခဲ့သည့် ၅-ယောက်မြောက် ရဟန္တာပုဂ္ဂိုလ်နှင့် ဂုဏ်ရည်တူသွားပါလိမ့်မည်” ဟု ပြောဆိုရာသည်။


၎။ နံပါတ် ၄-ပုဂ္ဂိုလ်ကို -

“အရှင်မှာ အာပတ်ကို လွန်ကျူးမူနှင့် နှလုံးမသာမူကြောင့်တော့ အာသဝေါတရားတို့ မဖြစ်ပွါးပါကုန်၊ (၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို မပွါးများခြင်းကြောင့်သာ ရဟန္တာ မဖြစ်ရခြင်းဖြစ်ပါသည်၊ ထို့ကြောင့်)

တိုက်တွန်းပါသည်၊ အရှင်သည် အဆိုပါ အာသဝေါတရားတို့ကို ပယ်ဖျောက်ပြီးလျှင် ၀ိပဿနာစိတ်နှင့် ၀ိပဿနာပညာကို ပွားများပါလော့၊ ဤသို့ ပွားများလျှင် ဖော်ပြခဲ့သည့် ၅-ယောက်မြောက် ရဟန္တာပုဂ္ဂိုလ်နှင့် ဂုဏ်ရည်တူသွားပါလိမ့်မည်” ဟု ပြောဆိုရာသည်။

ရဟန်းတို့ !

ဤသို့လျှင် ရှေ့ပုဂ္ဂိုလ် ၄-မျိုးတို့ကို နံပါတ် ၅-ပုဂ္ဂိုလ်နှင့် နိုင်းယှဉ်၍ ဆုံးမအပ် ကံမြစ်အပ်သည်ရှိသော် အဆိုပါ ရှေးပုဂ္ဂိုလ် ၄-မျိုးလုံး အာဝေ၀ါကင်းကွာ ရဟဟန္တာအဖြစ်သို့ ရောက်ကြလေသည်။


ဆောင် - အာပတ်ရောက်ကာ၊ မသာနှလုံး၊ လုံးလုံး ဖြစ်ဘိ၊ မသိ အရဟတ္တဖိုလ်၊ ထိုပုဂ္ဂိုလ်၊ မှန်စွာ တစ်မျိုးတည်း။

အာပတ်ရောက်ကာ၊ မသာနှလုံး၊ လုံးလုံး ဖြစ်ဘိ၊ မသိ အရဟတ္တဖိုလ်၊ ထိုပုဂ္ဂိုလ်၊ မှန်စွာ တစ်မျိုးတည်း။

အာပတ်မရောက်ပါ၊ မသာနှလုံး၊ လုံးလုံး မဖြစ်ဘိ၊ မသိ အရဟတ္တဖိုလ်၊ ထိုပုဂ္ဂိုလ်၊ မှန်စွာ တစ်မျိုးတည်း။

အာပတ်မရောက်ပါ၊ မသာနှလုံး၊ လုံးလုံး မဖြစ်ဘိ၊ သိရှိ အရဟတ္တဖိုလ်၊ ထိုပုဂ္ဂိုလ်၊ မှန်စွာ တစ်မျိုးတည်း။

ပုဂ္ဂိုလ်ငါးပါး၊ ရှေ့လေးပါးကို၊ ပွါးများ ၀ိပဿနာ၊ ပြုလုပ်ပါလျှင်၊ သင်လည်း ရဟန္တာ၊ ဖြစ်နိုင်ပါဟု၊ တိုက်တွန်းပြုရာ၊ အားလုံးမှာ၊ ကင်းကွာ အာသဝေါ။


ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment