ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 13 March 2011

၁၀။ အရညသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အစွန်အဖျားကျသော တောကျောင်းတို့၌ နေဖို့ရန် သင့်လျော်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ သီလရှိသည်။

၂။ ဗဟုသုတရှိသည်။

၃။ လုံ့လ၀ီရိယရှိသည်။

ထက်သန်သော ၀ီရိယဖြင့်သာ နေထိုင်သည်၊ ကုသိုလ်တရားတို့၌ ၀ီရိယအားကောင်းသည်၊ လုံ့လ၀ီရိယ ခိုင်မြဲသည်၊ တာဝန်ကို ပစ်ချမထား။

၎။ ရူပါဝစရ ဈာန် ၄-ပါးကို လိုတိုင်း ရနိုင်သည်။

၅။ အာသဝေါကင်းကွာ ရဟန္တာဖြစ်သွားသည်။

(၁, ၂, ၄, ၅- တို့ကို ထေရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း အကျယ်သိလေ)

ဆောင် - သီလလည်းရှိ၊ သုတရှိကာ၊ လွန်စွာ ကြိုးစား၊ ဈာန်လေးပါးရ၊ ဖြစ်ထ ရဟန္တာ၊ ငါးဖြာ ပြည့်လျှမ်း၊ ထိုရဟန်းမှာ၊ တောကျောင်းသာ၊ မှန်စွာ မှီဝဲထိုက်။

ဒသမသုတ် ပြီး၏။

ရှေးဦးစွာသော ဖာသုဝိဟာရ၀ဂ် ပြီးပြီ။

No comments:

Post a Comment