မြတ်စွာဘုရား ကောသမ္ဗီပြည် ယောသိတာရုံကျောင်း၌ သီတင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ဤသို့ လျှောက်သည် -
“အရှင်ဘုရား ! အဘယ်သို့နေသည်ရှိသော် ရဟန်းသည် သံဃာ၌ ချမ်းသာစွာ နေရသည် မည်ပါသနည်း။?
“အာနန္ဒာ ! ရဟန်းသည် -
၁။ မိမိက သီလနှင့် ပြည့်စုံသူ၍ သူတစ်ပါးကိုလည်း လွန်မြတ်သော သီလကြောင့် မကဲ့ရဲ့တတ်။
ထို့ပြင် -
၂။ မိမိကိုယ်ကိုသာ အဖန်ဖန် ရူလေ့ရှိသည်၊ သူတစ်ပါးကိုမူ ရူလေ့မရှိ။
၃။ ဘုန်းကံပါးရှား မထင်ရှားသော်လည်း မပူပန် မတောင့်တ။
၎။ ရူပါဝေစရဈာန် ၄-ပါးကို အလိုရှိတိုင်း ရနိုင်သည်။
၅။ အာသဝေါကင်းကွာ ရန္တာဖြစ်သွားသည်။
(၄၊၅-ကို ထေရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း အကျယ်သိပါ)
ဤ ရဟန္တာအဖြစ်ထက် သာလွန်ထူးမြတ်သော အခြား ချမ်းသာစွာ နေရခြင်းမျိုးကား မရှိတော့ပြီ။”
ဆောင် - သီလကြောင့်ကား၊ သူတပါးကို၊ မဆို ကဲ့ရဲ့၊ ရူတဲ့ ပုဂ္ဂိုလ်၊ သူ့ကို မရူငြား၊ မထင်ရှားကြောင့်၊ စိုးနောင့် မပြု၊ ဈာန်လေးခုရ၊ ဖြစ်ထ ရဟန္တာ၊ ဤငါးဖြာ၊ ချမ်းသာ နေရကြောင်း။
မှတ်ချက် - ဤသုတ်၌ ရဟန္တာပုဂ္ဂိုလ်ကို ဟောလိုရင်းဖြစ်သည်။
ဆဋ္ဌသုတ် ပြီး၏။
Sunday 13 March 2011
၆။ အာနန္ဒသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
တောရွာလေးက သာယာနေပျော်စရာလေးဖြစ်သလို တရားတော်လေးတွေ ရေးထားတာလည်း ခုလိုခေတ်ကြိးမှာ ချီးကျူးစရာပါ တောသူမလေးရေ။ အးတဲ့အခါ စေတနာပန်းခင်း လေးကိုလည်း လာလည်ဘို့ဖိခေါ်ပါတယ်နော်။ သက်ရှိပန်းပွင့်လေးတွေ လက်ဆောင်ပေးမှာပါ။အောင်မြင်ပါစေ။
ReplyDelete