ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 March 2011

၎။ ပထမ သဒ္ဓမ္မသမ္မောသသုတ်


ရဟန်းတို့ ! သူတော်ကောင်းတရားဟူသော သာသနာကွယ်ပျောက်ကြောင်း တရား ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းတို့သည် -

၁။ တရားကို ရိုသေစွာ မနာကြ။

၂။ တရားကို ရိုသေစွာ မသင်ကြ။

၃။ တရားကို ရိုသေစွာ မဆောင်ကြ။

၎။ ဆောင်ထားသော တရားတို့၏ အနက်အဓိပ္ပါယ်များကို ရိုသေစွာ ဉာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ကြ။

၅။ အနက်သဘော, တရားသဘောကို သိ၍ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ရိုသေစွာ မကျင့်ကြ။


သာသနာတည်တံ့ကြောင်း တရား ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းတို့သည် -

၁။ တရားကို ရိုသေစွာ နာကြသည်။

၂။ တရားကို ရိုသေစွာ သင်ကြသည်။

၃။ တရားကို ရိုသေစွာ ဆောင်ကြသည်။

၎။ ဆောင်ထားသော တရားတို့၏ အနက်အဓိပ္ပါယ်များကို ရိုသေစွာ ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်ကြသည်။

၅။ အနက်သဘော, တရားသဘောကို သိ၍ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ရိုသေစွာ ကျင့်ကြသည်။

ဆောင် - အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နူတ်တွင် မဆောင်၊ သိအောင် မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊ ဤ ၅-ဖြာတည်း။ (၀ိသုဒ္ဓါရုံ)

စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment