ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 7 March 2011

၆။ သုတဓရသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အာနာပါနဿတိကို မှီဝဲသည်ရှိသော် မကြာမြင့်မီပင် အရတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်သည် (ရဟန္တာဖြစ်နိုင်သည်)။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ တရားရမူနှင့် မဆိုင်သော အလုပ်ပိုကို အားထုတ်မူ နည်းပါးသည်၊ ကိစ္စ နည်းပါးသည်၊ ပြုစု စောင့်ရှောက်လွယ်သည်၊ အသက်၏ အထောက်အကူ ပစ္စည်း ၄-ပါးတို့၌ ရောင့်ရဲလွယ်သည်။

၂။ လိုသလောက်သာ နည်းနည်းပါးပါး စားသောက်သည်။ ၀မ်းရေးအတွက် ကြောင့်ကြမစိုက်။

၃။ အအိပ်အနေ နည်းသည်၊ နိုးနိုးကြားကြား နေသည်။

၎။ ဗဟုသုတရှိသည်။

ဗဟုသုတများကို မမေ့ပျောက်အောင် ထိန်းသိမ်းထားသည်၊ ထပ်၍လည်း ဗဟုသုတ ဆည်းပူးသည်၊
ယင်း ဆည်းပူးရမည့် ဗဟုသုတများ ဟူသည်မှာ - (ထေရ၀ဂ်၊ သီလ၀န္တသုတ်နှင့် တူသည်)

၅။ ကိလေသာမှ လွတ်မြောက်ခဲ့ဖူးသော စိတ်ကို ဆင်ခြင်သည်၊ (ဆင်ခြင်ပြီး အထက်သို့ တက်ဖို့ ကြိုးစားသည်)။
(အာနာပါနဿတိ - ၀င်လေထွက်လေ၌ သတိမလပ် ရူမှတ်မူ)

ဆောင် - ကိစ္စလည်း နည်း၊ စားသောက်နည်းနှင့် အိပ်နည်း နိုးကြား၊ ကြားမြင်များ၍၊ လွတ်ငြား၊ စိတ်စဉ်၊ ရူဆင်ခြင်ကာ၊ အာနာပါန၊ ပွါးများကလျှင်၊ မကြာခင်၊ မှန်ပင် အရဟတ္တဖိုလ် ထိုးထွင်းသိ။

ဆဋ္ဌသုတ် ပြီး၏။

No comments:

Post a Comment