ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 13 March 2011

၈။ အသေခသုတ်


ရဟန်းတို့ !

ဆိုလတံ့သော တရား ၅-မျိုးပြည့်စုံသည့် ရဟန်းသည် -

(က) အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း ခံထိုက်သည်၊ (အာဟုနေယျဂုဏ်နှင့် ပြည့်စုံသည်)။

(ခ၊ ဂ၊ ဃ၊ င) (ရှေ့သုတ်နှင့် တူသည်)

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

ရဟန္တာပုဂ္ဂိုလ်ပိုင်ဖြစ်သော -

၁။ သီလ၊

၂။ သမာဓိ၊

၃။ ပညာ

၎။ ၀ိမုတ္တိ၊

၅။ ၀ိမုတ္တိဉာဏဒဿန အစုနှင့် ပြည့်စုံသည်။

ဆောင် - ရဟန္တာပိုင်ထ၊ သီလ, သမာ၊ ပညာ, ၀ိမုတ္တိ၊ ၀ိမုတ္တိဉာ၊ ငါးဖြာပြည့်လျှမ်း၊ ထိုရဟန်းမှာ၊ မြတ်သံဃာ၊ မှန်စွာ ဂုဏ်များထိုက်။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment