ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 1 March 2011

၃။ ပဓာနိယင်္ဂသုတ်


ရဟန်းတို့ ! တရားအားထုတ်သော ပုဂ္ဂိုလ်၏ ပြည့်စုံရမည့် အင်္ဂါ ၅-မျိုးဟူသည်မှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ သဒ္ဓါတရားရှိသည်။

သဒ္ဓါတရားရှိပုံမှာ -

မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော်ကို ဤသို့ ယုံကြည်သည် - (စသည်ဖြင့် သေခဗလ၀ဂ်၊ ၀ိတ္တသုတ်အတိုင်း သိလေ)

၂။ အနာရောဂါ ကင်းသည်။

အေးပူမလွန်ကဲ အလယ်အလတ်လည်းဖြစ်၊ တရာအားထုတ်ရန်လည်း သင့်လျော်လျောက်ပတ်၊ အစာကိုလည်း အညီအမျှ ကြေကျက်စေတတ်သော ၀မ်းမီးနှင့် ပြည့်စုံသည်။

၃။ စဉ်းလဲမူ လှည့်ပတ်မူ မရှိ။

ဆရာ့အပေါ်မှာဖြစ်စေ ပညာရှိသီတင်းသုံးဖော်တို့အပေါ်မှာဖြစ်စေ မိမိအခြေအနေမှန်ကို တင်ပြတတ် ပြောပြတတ်သည်။

၎။ အကုသိုလ်ပယ်ရှားရန် ကုသိုလ်ဖြစ်ပွားစေရန်ကြိုးစားအားထုတ်တတ်သည်၊ အစွမ်းကုန် ကြိုးစားသည်၊ ခိုင်ခိုင် မြဲမြဲ အားထုတ်သည်၊ ကုသိုလ်ရေး၌ အမြဲတမ်း အဆင်သင့် ဖြစ်နေသည်။

၅။ ပညာရှိသည်။

ဖြစ်မူ ပျက်မူကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာရောက်စေနိုင်သော မြတ်ပညာနှင့် ပြည့်စုံသည်။

ဆောင် - ယုံကြည်, ကျန်းမာ၊ ရိုးဖြောင့်စွာနှင့်၊ လွန်စွာ ကြိုးစား၊ ဖြစ်ပျက်များ သိ၊ ငါးပါးရှိ၊ ပဓာနိယင်္ဂများ။

မှတ်ချက် - သဒ္ဓါ(ယုံကြည်မူ) အရ အာဂမ, အဓိဂမ, သြကပ္ပန, ပသာဒ ဟူသော သဒ္ဓါ ၄-မျိုးအနက် သြကပ္ပနသဒ္ဓါ၊ ပညာအရ ၀ိပဿနာပညာကို ယူရမည်။

တတိယသုတ် ပြီး၏။

No comments:

Post a Comment