ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 2 March 2011

၎။ ဒုတိယ ၀ုဍ်ဎိသုတ်


ရဟန်းတို့ ! ကြီးပွားခြင်း ၅-မျိုးဖြင့် ကြီးပွါးသည့် အရိယာတပည့်မသည် အရိယာတို့နှင့်သာ သက်ဆိုင်သော ကြီးပွါးခြင်းဖြင့် ကြီးပွါးသည်၊ ကိုယ်၏ အနှစ်သာရကိုလည်း ယူတတ်သည်၊ အမြတ်ကိုလည်း ရယူတတ်သည်။

ယင်း ၅-မျိုးမှာ -

၁။ သဒ္ဓါ၊

၂။ သီလ၊

၃။ သုတ၊

၎။ စာဂ

၅။ ပညာ ဖြစ်သည်။

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“သဒ္ဓါ, သီလ, သုတ, စာဂ, ပညာများဖြင့်လည်း ကြီးပွါး, ဆင်ခြင်ဉာဏ်လည်း ပြည့်စုံသည် သူတော်ကောင်းသည် ဤဘ၀၌ မိမိ၏ သီလ, သမာဓိ စသော အနှစ်ကို ရယူနိုင်သည်။”

ဆောင် - သဒ္ဓါ, သီလ၊ သုတ, စာဂါ၊ ပညာပါ၊ ငါးဖြာ ကြီးပွါးခြင်း။

စတုတ္တသုတ် ပြီး၏

No comments:

Post a Comment