ရဟန်းတို့ ! ကြီးပွါးခြင်း ၅-မျိုးဖြင့် ကြီးပွါးသည့် အရိယာတပည့်သည် အရိယာတို့နှင့်သာ သက်ဆိုင်သော ကြီးပွါးခြင်းဖြင့် ကြီးပွါးသည်၊ ကိုယ်၏ အနှစ်သာရကိုလည်း ယူတတ်သည်၊ အမြတ်ကိုလည်း ရယူတတ်သည်။ ယင်း ၅-မျိုးမှာ -
၁။ သဒ္ဓါ၊
၂။ သီလ၊
၃။ သုတ၊
၎။ စာဂ
၅။ ပညာ ဖြစ်သည်။
ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -
“သဒ္ဓါ, သီလ, သုတ, စာဂ, ပညာများဖြင့်လည်း ကြီးပွါး, ဆင်ခြင်ဉာဏ်လည်း ပြည့်စုံသည် သူတော်ကောင်းသည် ဤဘ၀၌ မိမိ၏ သီလ, သမာဓိ စသော အနှစ်ကို ရယူနိုင်သည်။”
ဆောင် - သဒ္ဓါ, သီလ၊ သုတ, စာဂါ၊ ပညာပါ၊ ငါးဖြာ ကြီးပွါးခြင်း။
တတိယသုတ် ပြီး၏။
No comments:
Post a Comment