ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 19 May 2012

ရေတွင်းတူးပမာ ကျင့်သုံးပါ

ဒီနည်းဟာယောဂီအတွက် တကယ်သင့်တော်တယ် ကောင်းတယ် ယောဂီက အကျိုးကျေးဇူးတွေကို ခံစားရပြီဆိုရင်တော့ ဒီနည်းကို တခြားနည်းတွေနဲ့ ရောနှောပြီး အကျင့်သုံးကြပါနဲ့။ တချို့ယောဂီတွေက တရားနည်းတွေကို တခုပြီးတစ်ခု လျှောက်ပြီးကျင့်နေကြပြီး ဘာကိုမှ မယ်မယ်ရရ စောက်ချပြီး မကျင့်ကြပါဘူး။ ဒီတော့ ဘာအကျိုးကျေးဇူးကိုမှလဲ မယ်မယ်ရရ မခံစားရပါဘူး။

တရားနည်းတွေကို သိရအောင်တော့ စမ်းသပ်ကြည့်ရပါတယ်။ နည်းသုံးလေးမျိုးစမ်းသပ်ကြည့်ရတော့ ဘယ်နည်းဟာ ကိုယ်နဲ့ သင့်တော်မယ် ဘယ်နည်းဟာဖြင့် အကျိုးခံစားရမယ်လို့ ထင်လို့ရှိရင်တော့ စိတ်ကိုဆုံးဖြတ်ချက်ချလိုက်ပြီး အဲဒီနည်းနဲ့ပဲ ကျကျနန လေးလေးနက်နက် ကြိုးစားအားထုတ်ပါ။ ဟိုဟာလေးနည်းနည်း ဒီဟာလေးနည်းနည်း လုပ်နေရင်တော့ ဘယ်တော့မှ ခရီးရောက်မှာ မဟုတ်ပါဘူး။

ရေလိုချင်လို့ ရေတွင်းတူးတယ်ဆိုရင် ဒီနားမှာ ၁၀-ပေနက်နက်တူး၊ ပြီးတော့ ဟိုနားမှာ ကောင်းတယ်ထင်လို့ ဟိုနားမှာပြောင်းပြီး ၁၀-ပေနက်နက်တူးလိုက်၊ နောက်တစ်ခါ တနေရာပြောင်းပြီး ၁၀-ပေနက်နက်တူးပြန်ရော၊ ဒီလိုနဲ့ ဟိုနား ၁၀-ပေတွင်း၊ ဒီနား ၁၀-ပေတွင်းနဲ့ ဘယ်တော့မှ ရေတွေ့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ တူးရင်တော့ ရေတွေ့မှာပဲလို့ စိတ်ထဲမှာ ယုံကြည်စိတ်ချတယ်ဆိုရင်တော့ ဒီနေရာမှာပဲ ရေတွေ့တဲ့အထိတူးပါ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment