ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

လောကဓံနှင့် ရင်ဆိုင်ရ

နောက်တစ်ချက်ကလည်း တရားရပြီးတဲ့နောက်ပိုင်းမှာ ယောဂီဟာ လောကဓံရှစ်ပါးနဲ့ တွေ့ကြုံရပေမယ့် စိတ်ကို တရားက ထိန်းပေးမျှတစေတော့ ပြဿနာတွေ အခက်အခဲတွေကို ပြုံးပြုံးကလေးနဲ့ ရင်ဆိုင်လာနိုင်ပါတယ်။ စိတ်ဆုံးဖြတ်ချက်ချစရာကိစ္စတွေမှာဆိုရင်လည်း စိတ်ဟာ အချီအချဖြစ်မနေဘဲ အမှန်ကို မြန်မြန်ကြီးဆုံးဖြတ်နိုင်ပြီး အလုပ်လုပ်နိုင်အားလည်း တိုးလာပါတယ်။

ဒါကြောင့် တရားထိုင်ဖို့ တစ်နေ့ ၂-နာရီပေးရတာဟာ အချိန်ဖြုန်းနေတယ်လို့ မထင်ပါနဲ့။ အချိန်ကို အကောင်းဆုံး အသုံးပြုနေတာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment