ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

ကမ္မဋ္ဌာန်းနည်းရဲ့ ရည်ရွယ်ချက်

ဒီကမ္မဋ္ဌာန်းနည်းရဲ့ ရည်ရွယ်ချက်က `ရုပ်နာမ်တရားရဲ့ အမှန်တရားကိုသိပြီး ဒုက္ခက ဘယ်ကနေ ဘယ်လိုစတယ်၊ အကုသိုလ်စိတ်တွေ ကိလေသာ အညစ်အကြေးတွေက ဘယ်က စတယ်၊ ပြီးတော့ ဘယ်လိုပွားများလာတယ်။ သူတို့ကို ဘယ်လိုအမြစ်ပြတ် သုတ်သင်ရမယ် ဆိုတာတွေ´ ဖြစ်ပါတယ်။

စိတ်ကိုဖြူစင်သန့်ရှင်းအောင် လုပ်ဖို့ရာက စိတ်ကိုစူးစိုက်ပြီး သမာဓိရှိအောင် လုပ်တာထက် ပိုပြီး အရေးကြီးပါတယ်။ ရုပ်နာမ်တရားတို့ရဲ့ အမှန်သစ္စာတရားကို ဖောက်ထွင်း သိရှိဖို့ရာက ပိုပြီး အရေးကြီးပါတယ်။ ပိုပြီး အကျိုးကျေးဇူးများပါတယ်။ ဒါကြောင့် ယောဂီတို့က သိပ်ပြီး သတိရှိဖို့လိုပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment