ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

ရုပ်နာမ်ဖြစ်ပျက်မူကို သတိနဲ့ ရူနေ

ရုပ်နာမ်နှစ်ပါးလုံးအတွင်းမှာ အမျိုးမျိုးအဖုံဖုံ ဖြစ်ပျက်နေတာတွေကို သတိရှိရှိနဲ့ စူးစမ်းရမှာ ဖြစ်ပါတယ်။ စိတ်ကို အာရုံတစ်ခုတည်းအပေါ် စူးစိုက်ထားရင် ဥပမာ-စိတ်ကူးနဲ့ မြင်နေရတဲ့ အရာတစ်ခုခုဆိုပါတော့၊ မဟုတ်ရင်လဲ ရွတ်ဖတ်နေတဲ့ စကားလုံးတစ်လုံးဆိုပါတော့၊ ဒီတော့ စိတ်က ဒီထဲမှာပဲ စူးစိုက်နေတော့ ရုပ်နာမ်တရားရဲ့ အမှန်တရားဖက်ကို မစူးစမ်းနိုင်၊ မစူးစိုက်နိုင်၊ မရူနိုင်တော့ပါဘူး။

နောက်တစ်ခုလဲ ရှိပါသေးတယ်။ စကားတစ်လုံးလုံးကိုသုံးရင် အသံမထွက်ဘဲ စိတ်ထဲက ရွတ်နေရင်တောင်မှ အဲဒီအသံရဲ့ လိုင်းတွေဖြစ်ပေါ်လာကြပါတယ်။ တချို့စကားလုံးတွေဟာ အင်မတန်အားကောင်းတဲ့ လိုင်းတွေဖြစ်ပါတယ်။ စကားလုံးကတော့ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ အသံထွက်ကြောင့် လိုင်းတွေဖြစ်ရတာပါ။ `အုံ´`အင်´`ရင်´ အစရှိတဲ့ အသံမျိုးတွေပေါ့။ မောင်းများကို တီးလိုက်ရင် အသံလိုင်းတွေ အကြာကြီးပဲ ထွက်နေသလိုပါပဲ။

ယောဂီဟာ အသံတစ်ခုကို ထပ်ကာထပ်ကာ ရွတ်နေမယ်ဆိုရင် ဒီလိုလိုင်းတွေဖြစ်ပြီး လူကို အကာအကွယ်တစ်မျိုးပေးနိုင်ပါတယ်။ အပြင်ပက မကောင်းတဲ့လိုင်းတွေ မ၀င်နိုင်အောင် ယောဂီရဲ့ စိတ်ရဲ့အပေါ်ယံအပိုင်း၊ အပြင်ဘက်အပိုင်းကို ဖုံးလွှမ်းထားတော့ လုံခြုံနေတာပါပဲ။ ဒါဟာ ကောင်းသင့်သလောက်တော့ ကောင်းပါတယ်။

ဒါပေမယ့် ယောဂီရဲ့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ သိမ်မွေ့ဝေဒနာလိုင်းတွေ၊ ယောဂီရဲ့ အကုသိုလ် ကိလေသာလိုင်းတွေကတော့ သူတို့နေရာမှာပဲ ရှိမြဲရှိနေဦးမှာပါပဲ။ ထုတ်ပစ်လို့မရနိုင်ပါဘူး။ စကားလုံးအသံနဲ့ ဖြစ်ပေါ်စေတဲ့ လိုင်းကလည်း ယောဂီရဲ့ နက်ရိုင်းတဲ့ စိတ်အထိကို မရောက်နိုင်တော့ ယောဂီက သိမ်မွေ့ဝေဒနာတွေကို မတွေ့ထိမခံစားနိုင်ဘူး။ လောဘ ဒေါသ အစရှိတဲ့ အကုသိုလ်စိတ်တစ်ခုခုပေါ်လာရင် အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ သိမ်မွေ့ဝေဒနာကို သတိနဲ့ ရူနေနိုင်မှ ဒီအကုသိုလ်သင်္ခါရတွေကို အမြစ်ကနေ ချေမူန်းနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် စာလုံးကြောင့်ဖြစ်တဲ့ လိုင်းတွေ မဖြစ်လာအောင် စကားလုံး၊ ဂါထာ၊ မန္တရားတွေ မရွတ်ဖတ်ဖို့ တားမြစ်ထားပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment