ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

ဂုရုကြီး မိဘကျေးဇူးဆပ်

၁၉၆၉-ခုနှစ် ဂုရုကြီး အိန္ဒိယကိုရောက်ပြီး အိန္ဒိယမှာပဲ ဘုံဘေမြို့မှာ ပထမဦးဆုံး တရားပတ်စပြီး ပေးခဲ့ပါတယ်။ ဂုရုကြီးရဲ့ မိဘ ၂-ပါးစလုံးလဲ ပါဝင်ခဲ့ပါတယ်။ ဂုရုကြီးက မိဘရဲ့ မွေးကျေးဇူးဆပ်ရခြင်း ဖြစ်ပါတယ်။ မြတ်စွာဘုရားက ဟောပြောခဲ့ပါတယ်။ မိဘရဲ့ ကျေးဇူးဟာ ဘယ်တော့မှ ဆပ်လို့မကုန်နိုင်ပါဘူး။ တစ်သက်တာလုံး တခြားဘာကိုမှမလုပ်ဘဲ မိဘကို ပြုစုလုပ်ကျွေးနေရင်တောင်မှ မွေးကျေးဇူးဆပ်လို့ မကုန်နိုင်ပါဘူး။ မကျေနိုင်ပါဘူးတဲ့။

မိဘရဲ့ မွေးကျေးဇူးဆပ်နိုင်ဖို့နည်းကတော့ တစ်မျိုးပဲရှိပါတယ်။ မိဘက သီလမရှိကြဘူးဆိုရင် သူတို့ကို သီလရှိအောင် လုပ်ပေးရပါလိမ့်မယ်။ သူတို့မှာ သီလတော့ ရှိပါတယ်၊ သမာဓိမရှိဘူးဆိုရင် သမာဓိပွားများလာအောင် ကူညီပေးရပါလိမ့်မယ်။ သူတို့မှာ သမာဓိတော့ ရှိပါတယ်။ ပညာသိက္ခာကို မရောက်ကြသေးဘူးဆိုရင် ပညာသိက္ခာထိရောက်အောင် ကူညီပို့ဆောင်ရမှာ ဖြစ်ပါတယ်။ ပညာရှိပေမယ့် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေးဘူးဆိုရင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဂုရုကြီးက သူ့ရဲ့မိဘတွေ ရဲ့ မွေးကျေးဇူးကို ဆပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ပထမတရားပတ်မှာ သူ့ရဲ့မိဘနှစ်ပါးအပါအ၀င် ယောဂီ ၁၄-ဦးပါဝင်ခဲ့ပါတယ်။ တရားပတ်ပြီးသွားတဲ့အခါကျတော့ `ဧဟိပဿိကော၊ ဧဟိပဿိကော´စတော့တာပါပဲ။ နောက်ထပ် တရားပတ်တစ်ခုလုပ်ပေးပါဦး၊ ကျွန်တော့်အဖေ၊ ကျွန်မအမေ၊ ကျွန်မအဖေ၊ ကျွန်မသား စသည်တို့ကိုလည်း ပါဝင်ချင်ပါတယ်လို့ တောင်းပန်ကြတော့ တရားပတ်တစ်ခုပြီးတစ်ခု ဆက်လိုက်တာ အခုဆိုရင် တရားပတ်တွေ ရာပေါင်းများစွာ ရှိသွားပါပြီ။ တရားဓမ္မ စတင်ပေါ်ပေါက်လာခဲ့တဲ့ ဋ္ဌာနကြီးမှာ ဓမ္မဂင်္ဂါမြစ်ကြီး စီးနေပါပြီ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment