ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 May 2012

အာရုပ္ပ(၄)ပါး

`အာရုပ္ပ´ဟူသည် ကောင်းကင်ပညတ် စသော အာရုံကို ရူမှတ်ရသော တရားဟု အဓိပ္ပာယ်ရှိသည်။ အာရုပ္ပလေးပါးသည် အောက်ပါအတိုင်းဖြစ်၏ -

၁။ အာကာသာနဉ္စယတနဈာန်ဖြစ်ပေါ်ရန် အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ကို အာရုံပြု၍ ရူမှတ်ခြင်း၊

၂။ ၀ိညာဏဉ္စာယတနဈာန်ဖြစ်ပေါ်ရန် အာကာသာနဉ္စာယတနစိတ်ကို အာရုံပြု၍ ရူမှတ်ခြင်း၊





၃။ အာကိဉ္စညာယတနဈာန်ဖြစ်ပေါ်ရန် အာကာသာနဉ္စာယတနဈာန်စိတ်၏ မရှိခြင်းသဘော(နတ္ထိဘောပညတ်)ကို အာရုံပြု၍ ရူမှတ်ခြင်း၊

၎။ နေ၀သညာ နာသညာယတနဈာန်ဖြစ်ပေါ်ရန် အာကိဉ္စညာယတနစိတ်ကို အာရုံပြု၍ ရူမှတ်ခြင်း တို့ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment