ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

သြဓိသဖရဏ မေတ္တာပွားနည်း (အကန့်အသတ်ရှိ မေတ္တာပွားနည်း)

သြဓိသဖရဏ မေတ္တာပွားနည်းဟူသည် မည်သူမည်ဝါ ယောက်ျား မိန်းမ အရိယာ ပုထုဇဉ် စသည်ဖြင့် တကန့်စီ တကန့်စီ ပိုင်းခြား၍ ပျံ့နှံ့အောင် ပွားများရသော မေတ္တာ ဖြစ်သည်။

သြဓိသဖရဏ မေတ္တာပွားနည်းကား အောက်ပါအတိုင်း ဖြစ်ပါသည် -

၁(က) သဗ္ဗေ ဣတ္ထိယော အဝေရာ ဟောန္တု = အားလုံးသော အမျိုးသမီးတွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ ဣတ္ထိယော အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော အမျိုးသမီးတွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ ဣတ္ထိယော အနီဃာ ဟောန္တု = အားလုံးသော အမျိုးသမီးတွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော အမျိုးသမီးတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ၊

၂။ (က) သဗ္ဗေ ပုရိသာ အဝေရာ ဟောန္တု = အားလုံးသော အမျိုးသားတွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ ပုရိသာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော အမျိုးသားတွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ ပုရိသာ အနီဃာ ဟောန္တု = အားလုံးသော အမျိုးသားတွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော အမျိုးသားတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ၊

၃။ (က) သဗ္ဗေ အရိယာ အဝေရာ ဟောန္တု = အားလုံးသော အရိယာတွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ အရိယာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော အရိယာတွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ အရိယာ အနီဃာ ဟောန္တု = အားလုံးသော အရိယာတွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော အရိယာတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ၊

၎။ (က) သဗ္ဗေ အနရိယာ အဝေရာ ဟောန္တု = အားလုံးသော ပုထုဇဉ်တွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ အနရိယာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော ပုထုဇဉ်တွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ အနရိယာ အနီဃာ ဟောန္တု = အားလုံးသော ပုထုဇဉ်တွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော ပုထုဇဉ်တွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ၊

၅။ (က) သဗ္ဗေ ဒေ၀ါ အဝေရာ ဟောန္တု = အားလုံးသော နတ် (ဗြဟ္မာ)တွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ ဒေ၀ါ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော နတ် (ဗြဟ္မာ)တွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ ဒေ၀ါ အနီဃာ ဟောန္တု = အားလုံးသော နတ် (ဗြဟ္မာ)တွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော နတ် (ဗြဟ္မာ)တွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

၆။ (က) သဗ္ဗေ မနုဿာ အဝေရာ ဟောန္တု = အားလုံးသော လူတွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ မနုဿာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော လူတွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ မနုဿာ အနီဃာ ဟောန္တု = အားလုံးသော လူတွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော လူတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

၇။ (က) သဗ္ဗေ ၀ိနိပါတိကာ အဝေရာ ဟောန္တု = အားလုံးသော အပါယ်ဘုံသားတွေ ဘေးရန် ကင်းကြပါစေ၊
(ခ) သဗ္ဗေ ၀ိနိပါတိကာ အဗျာပဇ္ဈာ ဟောန္တု = အားလုံးသော အပါယ်ဘုံသားတွေ စိတ်ဆင်းရဲ ကင်းကြပါစေ၊
(ဂ) သဗ္ဗေ ၀ိနိပါတိကာ အနီဃာ ဟောန္တု = အားလုံးသော အပါယ်ဘုံသားတွေ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(ဃ) သဗ္ဗေ သုခီ အတ္တာနံ ပရိဟရန္တု = အားလုံးသော အပါယ်ဘုံသားတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ မိမိကိုယ်ကို မိမိ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။

ဤသို့ ပုဂ္ဂိုလ် (၇)ဦးတို့ကို ဘေးရန်ကင်းကြပါစေ စသည့်(၄)ချက်နှင့် မြှောက်ပွားပါက သြဓိသဖရဏ မေတ္တာပွားနည်း (၂၈)ပါး ရှိသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment