ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

ဧကဒဿမနေ့ ဓမ္မဒေသနာ

တရားကို ကိုယ်တိုင် လက်တွေ့ကျင့်ကြံ
တစ်နေ့ပြီး တစ်နေ့နဲ့ ၁၀-ရက် ၀ိပဿနာတရားပတ်ရဲ့ အဆုံးသတ်ပိုင်းကို ရောက်ရှိလာပါပြီ။ ဒီတရားလုပ်ငန်းစလုပ်တဲ့ အခါတုန်းက ယောဂီတို့ဟာ ဒီတရားနည်းမှာ မိမိတို့ရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို အပ်နှင်းခဲ့ကြပါတယ်။ ဒါဟာလဲ ဒီတရားကို စမ်းသပ်ဖို့ရာ ၁၀-ရက်သာပဲ အပ်နှင်းကြခြင်းဖြစ်ပါတယ်။

အခုတော့ ၁၀-ရက်ကုန်ဆုံးသွာားပြီဆိုတော့ ယောဂီတို့ဟာ ဒီဇာတိအချုပ်အနှောင်က ကင်းလွတ်ကြပါပြီ၊ တရားဓမ္မဆိုတာမျိုးဟာ သတ္တ၀ါတွေကို ဘယ်တော့မှ အချုပ်အနှောင် မဖြစ်စေရပါဘူး။ အိမ်ပြန်ရောက်သွားတဲ့အခါကျတော့ ယောဂီတို့က ဒီမှာနာယူခဲ့တာတွေ ကျင့်သုံးခဲ့တာတွေကို အေးအေးဆေးဆေးပြန်ပြီး သုံးသပ်ကြည့်တဲ့အခါမှာ ဒီကျင့်ခဲ့တဲ့ တရားတွေဟာ ဆီလျော်ပါတယ်၊ သင့်တင့်လျောက်ပတ်ပါတယ်၊ ကျင့်ဖို့ရာလည်း လွယ်ကူပါတယ်။ ဖြစ်နိုင်ပါတယ်ဆိုမှ လက်ခဲ့ကြပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ ဒီပြင်အတိုင်းအထွာတွေလဲ ရှိပါသေးတယ်။

ဒီကျင့်စဉ်ဟာ ယောဂီအတွက် တကယ့်ကို အကျိုကျေးဇူးရှိရဲ့လားဆိုတာပါပဲ။ တကယ်ပဲ အကျိုးကျေးဇူးရှိမှသာ လက်ခံသင့်ပါတယ်။ ဒါတင်မကသေးဘူး လက်ခံလိုက်ခြင်းအားဖြင့် ယောဂီဟာ တခြားပုဂ္ဂိုလ်သတ္တ၀ါတွေကို ဘေးအန္တရာယ် ဖြစ်စေနိုင်ပါသလား၊ အကျိုးယုတ်စေမှာလား အကျိုးကျေးဇူး ဖြစ်စေမှာလားဆိုတာလည်း ဖြစ်ပါတယ်။ တခြားပုဂ္ဂိုလ်ကျေးဇူး ဖြစ်စေမှာလားဆိုတာလည်း ဖြစ်ပါတယ်။ တခြားပုဂ္ဂိုလ် သတ္တ၀ါတွေ အကျိုးကျေးဇူးရှိပါမယ်ဆိုရင်တော့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှန်ရင် လက်ခံနိုင်ဖို့ပါပဲ။ ဒီတရားကို ၁၀-ရက်တိုင်တိုင် ကိုယ်တွေ့ ကျင့်သုံးကြပြီးပြီဖြစ်တော့ ဦးနှောက်အသိဉာဏ်နဲ့သာ လက်ခံတာဆိုရင်တော့ တကယ့်အကျိုးကျေးဇူးတွေကို ခံစားရမှာ မဟုတ်ပါဘူးဆိုတာကို သိကြပြီး ဖြစ်ပါလိမ့်မယ်။

ဘာဝနာမယအသိဉာဏ်နဲ့ လက်ခံရမှာဖြစ်ပါတယ်။ တရားကို ကိုယ်တိုင်ကျင့်ကြရမှာ ဖြစ်ပါတယ်။ ယောဂီတို့ဟာ ဒီတရားကို ကိုယ်တိုင် လက်တွေ့ကျင့်ပါမယ်လို့ ဆုံးဖြတ်ချက်ချပြီး ကျင့်ကြရမှာ ဖြစ်ပါတယ်။ သူများခိုင်းလို့ လုပ်ရတာမျိုး မဟုတ်ဘဲ ကိုယ့်သဘောအရတရားကို လက်ခံပြီးတော့မှ မိမိကိုယ်နဲ့အသက်ကို အသက်ထက်ဆုံးအပ်နှင်းကြရပါလိမ့်မယ်။ ဒီလိုနားလည်မူနဲ့ အပ်နှင်းပြီးရင် အသက်ထက်ဆုံးပဲ တရားနဲ့ယှဉ်ပြီးတော့ နေကြရပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment