ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

သူ့ကျေးဇူးကိုသိတတ်

တရားမှာ တိုးတက်မူရှိမရှိ နောက်အတိုင်းအထွာတစ်ခုကတော့ သူ့ကျေးဇူးကိုသိတတ်မူ ဖြစ်ပါတယ်။ ကိုယ်က သူများကို ကူညီဆောင်ရွက်ပေးတဲ့ အခါမှာတော့ အလားအလာကို မမျှော်ကိုးရပါဘူး။ ဒါပေမယ့် ကိုယ်ကသူများဆီက တစ်ခုခုပစ္စည်း၊ အကူအညီ၊ အထောက်အပံ့၊ အကြံဉာဏ်၊ ဘာပဲဖြစ်ဖြစ် ရတယ်ဆိုရင်တော့ သူ့ကျေးဇူးကိုသိတတ်တဲ့ စိတ်ကို ပွားများရပါတယ်။ ဒါဟာ တရားရဲ့ ဂုဏ်တစ်ရပ်ပါပဲ။

မြတ်စွာဘုရားဟာ ဆယ်-ပါးသော ပါရမီတို့ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ပြီး ဘုရားဖြစ်တော်မူတဲ့အခါမှာ မိမိတစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ခံစားပြီးမနေဘဲ သတ္တ၀ါ အားလုံး ဆင်းရဲက လွတ်မြောက်အောင် အတိုင်းမရှိတဲ့ အပ္ပမာဏမေတ္တာတော်၊ အပ္ပမာဏ ကရုဏာတော်တွေထားရှိပြီး သူရရှိထားတဲ့၊ တွေ့ရှိထားတဲ့ တရားကို ဝေငှပေးသနားတော်မူပါတယ်။ ဘုရားဖြစ်တော်မူပြီး အသက်ရှင်သမျှ ကာလပတ်လုံး ၄၅-နှစ်တိုင်တိုင် တရားကို ဖြန့်ချိတော်မူပါတယ်။

တရားရပြီးတဲ့ ဘိက္ခုတွေကိုလည်း -
`စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဝေဒမနုဿနံ´လို့ မိန့်တော်မူပါတယ်။

အဓိပ္ပါယ်ကတော့ `ရဟန်းတို့ ဒေသစာရီ လှည့်လည်ကြကုန်လော့၊ အလူအများတို့၏ အကျိုးစီးပွား အလို့ငှာ၊ လူအများတို့၏ ချမ်းသာခြင်းအလို့ငှာ၊ လောကကို အစဉ်သနားခြင်းငှာ ကြီးပွားစေခြင်းအကျိုးငှာ အရပ်ရှစ်မျက်နှာသို့ သွားကြပြီး တရားဓမ္မကို ဟောကြား ဝေငှကြပါလေလော့´ဟု မိန့်တော်မူပါတယ်။ အများကောင်းကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဆောင်ရွက်ချက်ဖြစ်ပါတယ်။

မြတ်စွာဘုရားက ဒီလိုစလိုက်တော့ တစ်ဆင့် တစ်ဆင့်နဲ့ ဆရာ့ ဆရာတွေက ဒီကမ္မဋ္ဌာန်းနည်းကို ဘာမှမရောနှောစေဘဲ သူ့နဂိုမူလအတိုင်း ပကတိအစစ်အမှန်ဖြစ်နေအောင် ထိန်းသိမ်းစောင့်ရှောက် လာခဲ့တဲ့အတွက်ကြောင့် အခုယောဂီတို့ဟာ ဒီတရားကို ကျင့်သုံးနိုင်ကြခြင်း ဖြစ်ပါတယ်။

ဒီတရားဟာ တရားစစ် တရားမှန် ဟုတ်မဟုတ်ဆိုတာကို သူ့ကိုကျင့်သုံးပြီး ထူးခြားတဲ့ အကျိုးကျေးဇူး ရှိမရှိဆိုတာမှာ တည်ပါတယ်။ ကောင်းတဲ့ ဆပ်ပြာမှန်ရင်တော့ ချေးတွေ အညစ်အကြေးတွေကို ချွတ်မှာ အမှန်ပါပဲ။ ဒီတရားနည်းဟာလဲ ကိလေသာအညစ်အကြေးနှင့်တကွ အဆက်ဆက် သင်ကြားပြသခဲ့တဲ့ ဆရာသမားတွေကို အထူးပဲ ကျေးဇူးတင်သင့်ပါတယ်။ သူတစ်ဦးရဲ့ ကျေးဇူးကို သိတတ်ဖို့ရာက အင်မတန်ကို အရေးကြီးပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment