ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

ရှင်သာရိပုတ္တရာ သူ့ကျေးဇူးသိပုံ

ရှင်သာရိပုတ္တရာရဲ့ ကျေးဇူးသိတတ်ပုံလဲ ရှိပါသေးတယ်။ မြတ်စွာဘုရားရဲ့ တရားတော်ကို မသိသေးခင်က အိမ်ရာကိုပစ်ပြီး တရားရှာခဲ့ရာမှာ ဆရာတွေအမျိုးမျိုး၊ နည်းတွေအဖုံဖုံနဲ့လည်း ကျင့်ခဲ့ပါတယ်။ တစ်ခါတော့ ရာဇဂြိုဟ်ပြည်မှာရှိတဲ့ သိဉ္စည်း ဆရာကြီးထံမှာ ပညာဆည်းပူးပြီး တရားရှာနေပါတယ်။

တစ်မနက်မှာ မြို့ထဲဝင်လာတော့ ဆွမ်းခံကြွလာတဲ့ ရှင်အဿဇိရဟန်းရဲ့ တည်ကြည်ငြိမ်သက်တဲ့ ဣနြေ္ဒနဲ့ ကြည်လင်တောက်ပတဲ့ မျက်နှာတော်ကို မြင်ရတော့ ဒီပုဂ္ဂိုလ်ဟာဖြင့် သာမန်လူမဟုတ်တန်ဘူး၊ ထူးကဲတာပဲ။ တရားစစ်တရားမှန်ကို ရထားတဲ့၊ သိထားတဲ့ ပုဂ္ဂိုလ် ဖြစ်မှာပဲလို့ ယုံကြည်ပြီးတော့ ရှင်အဿဇိနောက်ပါးက လိုက်သွားပြီး ဆွမ်းဘုဉ်းပေးပြီးတဲ့အထိ စောင့်ပြီးတော့ `ဘယ်လိုတရားများကို ကျင့်ပါသလဲ၊ အရှင့်ဆရာက ဘယ်သူပါလဲ´လို့ ရိုရိုသေသေ လျှောက်ထားပါတယ်။

ဒီတော့ ရှင်အဿဇိက မြတ်စွာဘုရားကို ညွှတ်ပြပါတယ်။ ရှင်သာရိပုတ္တရာကလည်း ညွှန်ပြတဲ့အတိုင်းပဲ မြတ်စွာဘုရားထံ သွားရောက်ပြီး တရားရပြီးတော့ ရဟန္တာဖြစ်တော်မူပြီး မြတ်စွာဘုရား ပြီးရင်သူဟာ တရားအရာမှာဖြင့် ဒုတိယပါပဲ။ ဓမ္မသေနာပတိဘွဲ့ရှင် ဖြစ်တော်မူပါတယ်။ဒါတောင်မှ သူ့ကို မြတ်စွာဘုရားထံ ညွှန်ပြပေးလိုက်သူ ရှင်အဿဇိရဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။ ညအိပ်ရာဝင်တိုင်း ရှင်အဿဇိရှိရာ အရပ်ကို ဦးသုံးကြိမ်ချပြီး ခေါင်းတည်ပြီးမှ အိပ်လေ့ရှိပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment