ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 May 2012

အနုဿတိ(၁၀)ပါး

`အနုဿတိ´ဟူသော ပါဠိဝေါဟာရသည် အဖန်ဖန်အောက်မေ့ဆင်ခြင်မူဟု အဓိပ္ပာယ်ရှိသည်။ အနုဿတိဆယ်ပါးကား အောက်ပါအတိုင်းဖြစ်သည်။

၁။ ဗုဒ္ဓါနုဿတိ - မြတ်စွာဘုရား၏ အရဟံ စသော ဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊

၂။ ဓမ္မာနုဿတိ - မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်ပရိယတ်ဟူသော တရားတော်၏ သွာက္ခာတတာစသော ဂုဏ်တော်များကို အဖန်ဖန်အောက်မေ့ အမှတ်ရခြင်း၊

၃။ သံဃာနုဿတိ - သံဃာတော်၏ သုပ္ပဋိပန္န စသော ဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊

၎။ သီလာနုဿတိ - မကျိုးမပျက်သော မိမိသီလ၏ ဂုဏ်တို့ကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊

၅။ စာဂါနုဿတိ - ရက်ရက်ရောရော စွန့်ကြဲလှူဒါန်းသော အလှူကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊

၆။ ဒေ၀တာနုဿတိ - သဒ္ဓါစသည်နှင့် ပြည့်စုံကြသူများသည် နတ်ပြည်၌ ဖြစ်ကြရ၏၊ ထိုပုဂ္ဂိုလ်တို့၏ သဒ္ဓါ စသော ဂုဏ်မျိုးသည် မိမိ၌လည်း ရှိ၏ဟု နတ်တို့ကို သက်သေအရာ၌ ထား၍ မိမိ၏သဒ္ဓါ စသော ဂုဏ်တို့ကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊

၇။ မရဏာနုဿတိ - သေခြင်းကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊

၈။ ကာယဂတာသတိ - ဆံပင်စသော ရုပ်အပေါင်းကို အဖန်ဖန် အောက်မေ့ အမှတ်ရခြင်း၊

၉။ အာနာပါနဿတိ - ထွက်လေ၀င်လေကို သတိကပ်၍ ရူမှတ်နေခြင်း၊

၁၀။ ဥပသမာနုဿတိ - နိဗ္ဗာန်၏ ငြိမ်းအေးပုံကို အဖန်ဖန်အောက်မေ့ အမှတ်ရခြင်း - တို့ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment