ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

အဓိဋ္ဌာန်ပြုပြီး တရားထိုင်ရင် အောင်မြင်

နောက်ပြီး မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်နေ့ နှစ်ကြိမ် ရေလောင်းပေးဖို့လိုသလို မနက်တစ်နာရီ ညနေတစ်နာရီ တရားထိုင်ပေးဖို့လိုပါတယ်။ တစ်နေ့ ၂-နာရီတောင် ထိုင်ဖို့ဆိုရင် သိပ်များတာပေါ့လို့ ယောဂီအသစ်တွေက ထင်ချင်ရင် ထင်ကြပါလိမ့်မယ်။ အလုပ်တွေက သိပ်များတာ ဘယ်လိုလုပ်ပြီး ဒီလောက်အချိန်ပေးနိုင်မှာလဲလို့ ထင်ချင်လဲ ထင်ကြပါလိမ့်မယ်။

ဒါပေမယ့် ၁၀-ရက်တရားပတ်မှာ အဓိဋ္ဌာန်နဲ့ ထိုင်သလိုပေါ့။ အစမှာတော့ သိပ်ခက်ခဲတာပါပဲ။ နောက်တစ်ရက်နှစ်ရက် သုံးရက်ကြာလာတော့ တစ်နာရီမလူပ်ပဲထိုင်နိုင်လာပါတယ်။ ဒီလိုပါပဲ ဘာပဲဖြစ်ဖြစ် မပျက်မကွက် မနက်တစ်ခါ ညနေတစ်ခါထိုင်ပါမယ်လို့ အဓိဋ္ဌာန်ပြုပြီးထိုင်ရင်တော့ အောင်မြင်ပါလိမ့်မယ်။ တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ပထမရက်တွေ လတွေအတွင်းမှာ ရပ်လိုက်ကြတာဖြစ်ပါတယ်။

မပျက်မကွက် ပထမ၊ တစ်နှစ်ဆက်ပြီး ထိုင်နိုင်ကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ တစ်သက်တာလုံးဆက်လက် ထိုင်နိုင်ကြတော့တာပါပဲ။ ပထမတစ်နှစ်ကို အဓိဋ္ဌာန်ပြင်းပြင်းပြုလုပ်ပြီးထိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ နောက်တစ်ခုကလည်း အရင်က ယောဂီတို့က တစ်ညမှာ ၇-နာရီအိပ်တယ်ဆိုရင် အခု ၆-နာရီပဲ အိပ်ပါတော့မယ်။ တစ်ည ၆-နာရီပဲ အိပ်နေကျဆိုရင် အခု ၅-နာရီပဲ အိပ်ပါတယ်။ အိပ်ချိန်ကနေပြီး ၁-နာရီလွယ်လွယ်ကလေးနဲ့ ရနိုင်ပါတယ်။ အိပ်ရာကနိုးလာတော့လဲ လန်းလန်းဆန်းဆန်း ရှိပါတယ်။

နေ့စဉ်မှန်မှန် တရားထိုင်လာရင် အလုပ်ခွင်မှာလဲ လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းအားလည်း တိုးလာပါတယ်။ ဘယ်လိုတာဝန်တွေမျိုးပဲ ထမ်းဆောင်နေနေ ပိုပြီးအလုပ်လုပ်နိုင်လာပါတယ်။ အရင်က အလုပ်တစ်ခုကို ရှစ်နာရီကြာရင် အခုအလုပ်တစ်ခုကို ၇-နာရီ ၆-နာရီနဲ့လည်း ပြီးသွားနိုင်ပါတယ်။ မောတာပန်းတာ ပင်ပန်းနွမ်းနယ်တာတွေလည်း မရှိပါဘူး။ အမြဲပဲ လန်းလန်းဆန်းဆန်းလည်း ရှိပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment