ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 19 May 2012

တရားထိုင်ရင် လေးလေးနက်နက်

တရားထိုင်တယ်ဆိုတာ ကိလေသာတွေက ကင်းရှင်းစေတဲ့ သန့်ရှင်းရေးလမ်းစဉ် သံသရာဝဋ်ဆင်းရဲတွေက လွတ်မြောက်ရေးလမ်းစဉ်ဖြစ်ပြီး အင်မတန်လေးနက်တဲ့ ခရီးလမ်းကြောင်းကြီး ဖြစ်ပါတယ်။ ဟိုနေရာမှာ တစ်မြုံ့၊ ဒီနေရာမှာ တစ်မြုံ့မြုံ့စရာအဖျော်အဖြေလဲ မဟုတ်ပါဘူး။ ဒီလိုလုပ်နေရင်တော့ လမ်းဆုံးပန်းတိုင်ကို မရောက်နိုင်ကြပါဘူး။

ဒါကြောင့် တရားအလုပ်လုပ်တယ်ဆိုရင် လေးလေးနက်နက် လုပ်ရမှာဖြစ်ပါတယ်။ ပေါ့ပေါ့တန်တန် လုပ်ရတာ မဟုတ်ပါဘူး။ ဒီနည်းတစ်မျိုးတည်းကိုသာ ကျင့်ရမယ်လို့ မဆိုလိုပါဘူး။ ယောဂီတို့ လေ့လာကြည့်ပြီး ဒီနည်းထက်ပိုပြီး သင့်တော်တဲ့နည်းကို တွေ့ရင်လဲ အဲဒီနည်းကိုကျင့်ပါ။ နည်းတွေကိုတော့ မရောပါနဲ့။ ရောရင် ဘယ်နည်းနဲ့မှ ကျေးဇူးကို ခံစားရမှာ မဟုတ်ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment