ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

ဘုရားရှင်၏ သူ့ကျေးဇူးကိုသိပုံ

မြတ်စွာဘုရားကိုယ်တော်တိုင်လဲ ဘုရားဖြစ်တော်မူပြီးနောက် ကျေးဇူးပြုချင်တဲ့ စိတ်တော်မြတ်ဖြစ်လာပြီး `လူသတ္တ၀ါတွေကို တရားချီးမြှင့်တော်မူမယ်´လို့ စိတ်ဆုံးဖြတ်တော်မူပြီးတဲ့ အချိန်ကတော့ ဘယ်သူ့ကို ပထမဦးဆုံး တရားပေးရမလဲလို့ သုံးသပ်တော်မူတဲ့အခါမှာ ဘုရားလောင်းဘ၀တုန်းက ဆရာဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ကြီး ၂-ဦးကိုသွားပြီး သတိရတော်မူပါတယ်။

ပထမ ဆရာကြီး `အာဠာရ ကာလာမက သမာဓိ ဈာန် ၇-ဆင့်အထိ သင်ကြားပို့ချပေးခဲ့သူဖြစ်ပြီး ဒုတိယ ဆရာကြီး `ဥဒက ရာမပုတ္တ´ကတော့ သမာဓိဈာန် ၈-ဆင့်အထိ သင်ပေးခဲ့သူ ဖြစ်ပါတယ်။ လောကမှာရှိတဲ့ ဈာန်၊ အဘိညာဉ်တွေကုန်ပြီး ဆက်သင်ဖို့ရာ မရှိတော့ပါဘူး။

မြတ်စွာဘုရားက ဒိဗ္ဗစက္ခုနဲ့ရူလိုက်တော့ ပထမဆရာကြီးက တစ်ပတ်ကျော်ကပဲ ကွယ်လွန်သွားပြီး `အရူပ´ ဗြဟ္မာဘုံမှာ ဘ၀ပြောင်းသွားတဲ့အကြောင်းကို သိရှိပါတယ်။ ဒုတိယဆရာကြီးကတော့ မနေ့ညကပဲ ကွယ်လွန်သွားပြီးတော့ သူလဲ ဗြဟ္မာ့ဘုံမှာဘဲ သွားတည်နေတာကို တွေ့ရပါတယ်။

ဒီတော့ ဒီတရားကို ဘယ်သူကိုပေးရမလဲ၊ ကျေးဇူးဆပ်ချင်တဲ့စိတ်က အင်မတန် ပြင်းပြနေပါတယ်။ အလောင်းတော်ဘ၀နဲ့ အိမ်ရာနဲ့ ထီးနန်းကိုစွန့်ပြီး တရားကိုရှာဖို့တောထွက်လာစဉ်အခါက `ဒီပုဂ္ဂိုလ်ဟာဖြင့် ဧကန်မလွဲ ဘုရားဖြစ်ရအံ့လို့ဆိုပြီးတော့ လုံးဝယုံကြည်ချက်နဲ့ တောထွက်လာကြတဲ့ ပဉ္စ၀ဂ္ဂီ ၅-ဦးကို သွားသတိရမိပါတယ်။ သူတို့ ၅-ဦးဟာ ဘုရားအလောင်းတော်ကို ၆-နှစ်တိုင်တိုင် ၀တ်ကြီးဝတ်ငယ်ပြုပြီးတော့ လာခဲ့ကြတဲ့ ကျေးဇူးတရားကိုသိတော်မူပြီး သူတို့ကို တရားပေးချင်တဲ့စိတ် ဖြစ်ပေါ်လာပြီး ဗာရာဏသီမြို့နားမှာရှိတတဲ့ အခုအခေါ် ဆာရနတ်၊ ဟိုတုန်းကတော့ ဣတိပတနလို့ ခေါ်တဲ့နေရာကို ကြွတော်မူပြီး တရားဦးကို ဟောတော်မူပါတယ်။ ဒီလိုသူ့ကျေးဇူးကို သိတတ်မူ၊ တုံ့ပြန်မူတွေဟာ တရားရင့်သန်တဲ့ ပုဂ္ဂိုလ်တို့ရဲ့ ကြန်အင် လက္ခာဏာတစ်ခုပါပဲ။

တစ်ညကို ၂-နာရီ ၂-နာရီခွဲလောက်သာ ကျိန်းစက်တော်မူပြီး ကျန်တဲ့အချိန်တွေမှာ လူနတ်ဗြဟ္မာတွေကို တရားရေအေးတိုက်ကျွေးခဲ့ပါတယ်။ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး၊ တိုင်းပြည်အုပ်ချုပ်သူများကစပြီး သူဋ္ဌေး၊ ကုန်သည်များ၊ လက်လုပ်သည်များ၊ ပညာသည်များ၊ အမြင့်ဆုံးအတန်းကနေ အနိမ့်ဆုံးအတန်းထိ တရားကိုပေးခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးမြင့်မြတ်တဲ့ ဗြဟ္မဏမျိုးဖြစ်တဲ့ ဓမ္မသေနာပတိဘွဲ့ရ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်တို့လဲ ပါဝင်ခဲ့ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment