ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

သီလမြဲပါ

တရားပတ် စစဉ်အခါက ယောဂီတို့ဟာ ၈-ပါးသီလကိုလည်း ခံယူခဲ့ကြပါတယ်။ သီလဟာ ကမ္မဋ္ဌာန်းရဲ့ အောက်ခြေခံ အုတ်မြစ်ဖြစ်ပါတယ်။ အခြေမမြဲရင် အဆောက်အအုံကြီးလဲ မမြဲသလို သီလအခြေအမြဲရင် တရားအဆောက်အအုံကလဲ မမြဲတော့ဘဲ ပြိုကွဲသွားပါလိမ့်မယ်။ အောက်ခြေံခံ သီလကို ကောင်းကောင်းမွန်မွန် မထိန်းသိမ်း မစောင့်ရှောက်နိုင်လို့ရှိရင် ၀ိပဿနာတရားကို မကျင့်သုံး မဆာက်တည်နိုင်ပါဘူး။

ယောဂီဟာ သီလတစ်ခုခုကျိုးသွားတယ်ဆိုရင် စိတ်ထဲမှာ အညစ်အကြေးတွေ ၀င်လာပါတယ်။ တစ်ဖက်လက်က အညစ်အကြေးတွေကို စင်ကြယ်အောင်လုပ်နေစေပြီး တစ်ဖက်လက်ကတော့ အညစ်အကြေးအသစ်တွေ နောက်ထပ်ဖြစ်ပွားနေတယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။

နောက်တစ်ခုက ယောဂီဟာ တရားကျင့်သုံးတဲ့အခါ စိတ်ရဲ့ နက်ရိုင်းတဲ့အပိုင်းမှာ ရှာဖွေစူးစမ်းနေတာဖြစ်တော့ စိတ်ရဲ့အပေါ်ယံပိုင်းမှာ လိုင်းဂယက်တွေလိုဖြစ်နေရင် နက်ရိုင်းတဲ့အပိုင်းကို မရောက်နိုင်ပါဘူး။ ဥပမာဆိုကြပါစို့။ ပင်လယ်အောက်မှာ ရေနံရှာဖွေတဲ့ ကိစ္စမှာ ၀ါဆိုဝါခေါင် မုတ်သုန်လေတွေ အင်မတန်ပြင်းထိန်လာတော့ ဆက်လက်တူးလို့ မရတော့ဘဲ လုပ်ငန်းကို ခဏရပ်လိုက်ရပါတယ်။ လေတွေ လိုင်းတွေကကြီးပြီး ပြင်းထန်လွန်းတော့ ပင်လယ်ရေပြင်ဟာ ငြိမ်သက်မူ မရှိတော့ပါဘူး။ ဒီလိုစောင့်နေရင်တော့ ဘယ်တော့မှ အလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ လိုင်းသေးသေးလေးတွေကတော့ ရေမျက်နှာပြင်ပေါ်မှာ အမြဲပဲရှိနေမှာပါပဲ သည်းထန်တဲ့ လိုင်းကြီးတွေသာ မရှိဖို့လိုပါတယ်။

ဒီအတိုင်းပါပဲ။ ယောဂီဟာ သီလတစ်ခုခုကို ချိုးလိုက်ရင်၊ အကုသိုလ်မူ တစ်ခုခုကို ပြုလိုက်မိရင် ယောဂီရဲ့ စိတ်ခန္ဓာအပေါ်ပိုင်းမှာ လိုင်းတွေထလာပါတယ်။ ဒီတော့ စိတ်ရဲ့ အတွင်းနက်ရိုင်းတဲ့ အပိုင်းထိကို ထိုးဖောက်ပြီး မရောက်နိုင်ပါဘူး။

ဒါကြောင့် ဒီကမ္မဋ္ဌာန်းနည်းကို ကျင့်သုံးပြီး ဓမ္မလမ်းကြောင်းပေါ်မှာ တိုးတက်ချင်ရင် ၅-ပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင်ထိန်းသိမ်းကြဖို့ ဖြစ်ပါတယ်။ သီလ မမြဲရင် သမာဓိလည်း မတည်နိုင်ပါဘူး။ သမာဓိမရှိရင် ပညာသိက္ခာကိုလည်း မပွားနိုင်ပါဘူး။ တစ်ခါပိုပြီး ခက်ခဲလာပြန်ပါတယ်။ သမာဓိမရှိပြန်လဲ သီလဆောက်တည်လို့ မရပြန်ပါဘူး။ သီလရှိမှ သမာဓိရှိသလို၊ သမာဓိရှိမှလဲ သီလစောင့်လို့ ရပါတယ်။

အခုလို ၁၀-ရက် တရားပတ်ကို ၀င်လာကြတော့ ယောဂီတွေဟာ ပြင်ပလောကနဲ့ အဆက်ပြတ်နေကြပြီး တစ်နေ့လုံးပဲ တရားလုပ်ငန်းခွင်ကိုဝင်နေကြတော့ သီလပျက်ဖို့ အခွင့်ကို မကြုံရတော့ပါဘူး။ သီလပမပျက်တော့ တရားထိုင်ရာမှာ သမာဓိလဲ တက်ပါတယ်။ သမာဓိက ကောင်းမွန်နေတော့ သီလထိန်းရတာလဲ ကောင်းမွန် လွယ်ကူပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment