ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

လူ ၂-မျိုးတွေ့ရ

ဒီလို တရားပတ်တွေမှာလာကြတဲ့ ယောဂီတွေထဲမှာ လူ ၂-မျိုး ၂-စားတွေ့ရပါတယ်။ ပထမအုပ်စုက လူတွေကတော့ အရင်ဘ၀တုန်းက ပြုခဲ့ကြတဲ့ ကုသိုလ်ပါရမီတွေကြောင့် ဓမ္မမျိုးစေ့ကို ချခဲ့တဲ့အတွက်ကြောင့် အခုဘ၀မှာ ဓမ္မရဲ့အသီးကို ခံစားရပြီး တရားစစ်တရားမှန်ကို ရကြပြီး ဒီဘ၀မှာပဲ တရားကို တိုးပွားလာအောင် ကျင့်ကြံသူတွေဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ ဒီဘ၀မှာပဲ အားထုတ်ကြပြီး သံသရာဝဋ်ဆင်းရဲက လွတ်မြောက်လာအောင် တရာမျိုးစေ့ကို လာယူပြီး စပြီးကျင့်နေကြတာ ဖြစ်ပါတယ်။

ဒီယောဂီနှစ်မျိုးထဲက ဓမ္မမျိုးစေ့ကို အခုဘ၀မှာပဲ လာယူတာပဲဖြစ်ဖြစ် ရပြီးသား ဓမ္မမျိုးစေ့ကို ပိုပြီး ထက်သန်ကြီးထွားအောင် အခုဘ၀မှာ ပျိုးထောင်တာပဲဖြစ်ဖြစ်၊ အခုယောဂီတို့ လက်ဝယ်မှာ ရရှိထားတဲ့ အဖိုးထိုက်တန်လှတဲ့ ရတနာအမွန်အမြတ်ကိုတော့ သဲလို၊ ကျောက်ခဲလို ပေါ့ပေါ့တန်တန်နဲ့ လွှင့်မပစ်သင့်ပါဘူး။ မိမိတစ်ဦးတည်းရဲ့ ကောင်းစားရေး၊ အကျိုးဖြစ်ထွန်းရေးသာမက အများတို့ရဲ့ ကောင်းစားရေး၊ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ရေးလည်း ဖြစ်ပါတယ်။ ဒီတရားဓမ္မကို တိုးသထက်တိုး၊ ပွားသထက်ပွားအောင် ပြုလုပ်သင့်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ အတိဒုက္ခတွေ ဆင်းရဲတွေ အင်မတန်များလှပါတယ်။ လူတွေဟာ အကြောင်းကြောင်းကြောင့် ဒုက္ခတွေအမျိုးမျိုးကို ခံစားနေကြရပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment