ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

ဥပေက္ခာနဲ့ ရူနေမှ ၀ိပဿနာကျင့်တာဖြစ်

သိမ်မွေ့တဲ့သုခဝေဒနာကို ခံစားရတဲ့အခါများမှာ ကျေနပ်နှစ်သိမ့်နေပြီး ကြမ်းတမ်းတဲ့ ဒုက္ခဝေဒနာတွေ ခံစားရတဲ့အခါများကျတော့ စိတ်ပျက်နေမယ်ဆိုရင် ဒီဟာ ၀ိပဿနာ ကျင့်နေတာမဟုတ်ပါဘူး။ ဘယ်ဝေဒနာမျိုးပဲ ခံစားရ ခံစားရ၊ သိမ်မွေ့ဝေဒနာပဲဖြစ်ဖြစ် ကြမ်းတမ်းဝေဒနာပဲဖြစ်ဖြစ် ဒုက္ခဝေဒနာ သုခဝေဒနာ ဘာဝေဒနာမှ မခံစားရတာပဲဖြစ်ဖြစ် အနိစ္စ အနိစ္စ အနိစ္စ ဖြစ်ပျက်နေတာတွေဟာ မမြဲပါလားလို့ နားလည်ပြီး ဥပေက္ခာနဲ့ ရူနေနိုင်တော့ ယောဂီဟာ ၀ိပဿနာကို ကျင့်နေတာဖြစ်ပြီး တရားမှာလဲ တိုးတက်မူ ရှိနေမှာ ဖြစ်ပါတယ်။

ယောဂီရဲ့ဘ၀မှာ ကောင်းတဲ့ပြောင်းလဲမူတွေ ရှိလာပြီဆိုရင် အရင်စလိုမရှိကြပါနဲ့။ လောဘမကြီးပါနဲ့။ လိုချင်တဲ့ဇောမကြီးပါနဲ့။ တဖြည်းဖြည်းတော့ တိုးတက်မူတွေ ရှိလာမှာသေချာပါတယ်။ ယောဂီတို့ရထားတဲ့ အဖိုးတန် ရတနာကို တန်ဖိုးမရှိတဲ့ ကျောက်ခဲလို လွှင့်မပစ်လိုက်ကြပါနဲ့။ တရားဓမ္မဟာ အင်မတန် တန်ဖိုးကြီးလှပါတယ်။ ဒါကြောင့် အင်မတန် ကောင်းကောင်းမွန်မွန် အမြတ်တနိုး သိမ်းထားရုံသာမက နောက်ထပ် တိုးသထက်တိုးအောင် ပွားသထက်ပွားအောင် လုပ်ပေးကြဖို့လည်း လိုပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment