ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

သဘာဝအသက်ရူမူကို သိဖို့လို

နောက်ပြီးတော့ တရားစခန်းရဲ့ စည်းကမ်းတွေ၊ အချိန်ဇယားတွေကိုလဲ လိုက်နာကြပါ။ ဒီ ၁၀-ရက်အတွင်းမှာ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းကို ခွဲကြရမှာ ဖြစ်ပါတယ်။ ဒါ့အတွက် ရတဲ့အချိန်ကလဲ တိုတောင်းလွန်းလှပါတယ်။ ဒါကြောင့် အချိန်ကို မဖြုန်းဘဲနဲ့ တရားကို ဆက်တိုက်ကျင့်ကြပါ။ အဆက်မပြတ် ကျင့်ကြပါ။ စည်းကမ်းတွေ၊ အချိန်ဇယားတွေကို တိတိကျကျ လိုက်နာကြပါမှ တရားကိုလဲ အဆက်မပြတ် ထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

နောက်ပြီးတော့ ယောဂီတို့ဟာ တရားအလုပ်စပြီးတော့ လုပ်ကြပါတယ်။ ၀င်သက် ထွက်သက်နဲ့ စကြပါတယ်။ ဒါဟာ အသက်ရှူလေ့ကျင့်ခန်း မဟုတ်ပါဘူး။ အသက်ရှူတာကို ထိန်းပေးဖို့ ခြယ်လှယ်ပေးဖို့လဲ မဟုတ်ပါဘူး။ သူ့သဘာဝအလျောက် အသက်ရှူနေတာပဲ ဖြစ်ပါတယ်။ ယထာဘူတ = ဟုတ်တိုင်းမှန်ရာ သူ့နဂိုအတိုင်း၊ ဖြစ်ပျက်နေတဲ့ အတိုင်းလို့ ဆိုပါတယ်။ ယောဂီက ဘာကိုမှ ထွင်ပေး မနေရပါဘူး။ သူ့သဘာဝဖြစ်ပျက်နေတာအပေါ်မှာ ဘာကိုမှ ဖြည့်စွက်နေဖို့ရာ မဟုတ်ပါဘူး။ အမှန်တရားကို လေ့လာဆည်းပူးရမှာပဲ ဖြစ်ပါတယ်။ သဘာဝအသက်ရူနေခြင်းကို ပြင်းရင်ပြင်းတယ်၊ ပေါ့ပါးရင်ပေါ့ပါးတယ်လို့ သိနေဖို့ပါပဲ။ `ဘယ်ဘက်နှာခေါင်းပေါက်က လေ၀င် ထွက်တယ်´ ဆိုတာကိုလဲ သိနေဖို့ရာ ဖြစ်ပါတယ်။ ယောဂီဟာ ဘာကိုမှ ၀င်ပြီး လုပ်မပေးရပါဘူး။

တချို့ယောဂီများမှာတော့ တစ်ခါတစ်လေ သဘာဝအသက်ရှူတာက ပျော့ပျောင်း နူးညံ့လွန်းတော့ ၀င်သက်ထွက်သက်ကို သိရှိနဖို့ရာ မလွယ်ပါဘူး။ ဒီလိုဆိုရင်တော့ တစ်ခါတစ်ခါ နည်းနည်းလေး ခပ်ပြင်းပြင်းလေး အသက်ရှူပေးဖို့ရာ ခွင့်ပြုပါတယ်။ လေ၀င်၊ လေထွက်တာကို သတိရှိနေရန် ဖြစ်ပါတယ်။

ဝိပဿနာကို ကူးပြောင်းတဲ့အခါမှာလဲ ဒီအတိုင်းပါပဲ။ ခန္ဓာကိုယ်မှာ သူ့သဘာဝအတိုင်း ဖြစ်ပျက်နေတာတွေကို ရူနေရတာပါပဲ။ ယောဂီက သဘာဝအပေါ်မှာ ပြုပြင်ပေးနေစရာမလိုပါဘူး။ ဘာကိုမှလဲ ထွင်ပေးနေရမှာ မဟုတ်ပါဘူး။ ယထာဘူတအတိုင်းပါပဲ။ သူဖြစ်ပျက်နေတဲ့အတိုင်းပါပဲ။ စိတ်ကူးလဲ မပါရပါဘူး။ သဘာဝမဟုတ်တာကို အတုအယောင်ယူပြီး ယူရတာမျိုးလဲ မဟုတ်ပါဘူး။ သူ့နဂိုသဘာဝအလျောက် ဖြစ်ပျက်နေတာကို ရူရုံမျှသာရူနေဖို့ ဖြစ်ပါတယ်။ အမှန်တရား၊ အမှန်တကယ်ဖြစ်ပျက်နေမူကို သတိရှိနေဖို့ပါပဲ။ ၀င်သက်ထွက်သက်ကိုပဲဖြစ်ဖြစ်၊ ၀ိပဿနာကမ္မဋ္ဌာန်း ကူးပြောင်းပြီးနောက်ပိုင်းမှာ ဝေဒနာကိုပဲဖြစ်ဖြစ် ရူနေတုန်းမှာ အဟုတ်တကယ် ဖြစ်ပျက်နေတာကို ရူရုံမျှသာ ရူနေဖို့ပါဘဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment