ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

ရုပ်နာမ်ကိုကျော်လွန်ရန် ဘာဝနာမယဉာဏ်နဲ့ရူ

ရုပ်နာမ်တို့ကို ကျော်လွန်သွားဖို့ရာ ယောဂီရဲ့စိတ်နဲ့ အနက်ရိုင်းဆုံးအပိုင်းကို သွားရမှာ ဖြစ်ပါတယ်။ စိတ်ရဲ့အသိမ်မွေ့ဆုံးအပိုင်း၊ ကိုယ်ရဲ့အသိမ်မွေ့ဆုံးအပိုင်းရောက်ပြီး ဘာဝနာမယဉာဏ်နဲ့ ခံစားရပြီးမှ ရူရမှာဖြစ်ပါတယ်။ အစိုင်အခဲဖြစ်နေတဲ့၊ ပြင်းထန်တဲ့၊ ကြမ်းတမ်းတဲ့ ဝေဒနာတွေကနေပြီး သိမ်မွေ့ သိမ်မွေ့လာပြီး အဆုံးစွန်သော အမှန်တရားကို ဘာဝနာမယဉာဏ်နဲ့ ရူနိုင်မှသာ ရုပ်နာမ်တရားက ကျော်လွန်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကမ္မဋ္ဌာန်းနည်းဟာ ကြမ်းတမ်းကနေ သိမ်မွေ့ သိမ်မွေ့၊ သြဠာရိကိ ကနေ သုခုမ၊ သုခုမကို သွားဖို့ရာဖြစ်ပါတယ်။ ရုပ်ခန္ဓာမှာဆိုရင် ပြင်းထန်တဲ့၊ ကြမ်းတမ်းတဲ့ ဝေဒနာတွေဟာ အစိုင်အခဲတွေအဖြစ်ကနေပြီး တဖြည်းဖြည်းသိမ်မွေ့ သိမ်မွေ့ ဝေဒနာအထိ ရောက်သွားကြသလို နာမ်ခန္ဓာထဲမှာလည်း ပြင်းထန်တဲ့ အစိုင်အခဲကြီးဖြစ်နေတဲ့ စိတ်ခံစားရမူတွေပေါ်လာရင် စိတ္တာ နပဿနာ၊ ဓမ္မာနုပဿနာတို့နဲ့ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ဝေဒနာတွေကို ရူရပါတယ်။

ဒီအခါမှာ စိတ်ထဲမှာဖြစ်နေတဲ့ ဝေဒနာတွေလည်း ပြိုကွဲကြပြီး အစိုင်အခဲတွေ၊ လိုင်းကလေးတွေ၊ တုန်ခါမူကလေးတွေ ဖြစ်သွားကြပြီး နောက်ဆုံးနာမ်တရားရဲ့၊ အမှန်သစ္စာတရားကို ရောက်ရှိပြီး တွေ့ရှိသွားပါလိမ့်မယ်။ ဒီလမ်းစဉ်မှာ ရုပ်နာမ်နှစ်ပါးစလုံးဟာ ကြမ်းတမ်းကနေ သိမ်မွေ့ သိမ်မွေ့အထိ ရောက်လာကြမှာ ဖြစ်ပါတယ်။

ဒီတော့မှ အမြင်အားဖြင့် အမှန်တရားလို့ ထင်ရတာတွေကနေပြီးတော့ အဟုတ်အမှန် တကယ့်အမှန်တရားကို ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ဆိုကြပါစို့၊ ယောဂီက ခေါင်းကိုစပြီး ရူရင် ပထမတော့ ခေါင်းကိုကြမ်းတမ်းတဲ့ ဝေဒနာအဖြစ်နဲ့ အစိုင်အခဲကြီးလိုပဲ ခံစားရပါတယ်။ ဒီကမ္မဋ္ဌာန်းနည်းနဲ့ဆက်ပြီး ရူသွားရင် အစိုင်အခဲကြီးကနေ သိမ်မွေ့ ဝေဒနာဖြစ်တဲ့ လိုင်းကလေးတွေကို ခံစားလာရပါလိမ့်မယ်။ ဒါဟာ ယောဂီရဲ့ စိတ်ကူးမဟုတ်ပါဘူး။ ယောဂီကိုယ်တိုင် တကယ် ကိုယ်တွေ့လက်တွေ့ ခံစားရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ခန္ဓာကိုယ် အစိုင်အခဲကြီးတစ်ခုလုံးကလဲ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာ အင်မတန်သိမ်မွေ့တဲ့ လိုင်းကလေးတွေ၊ တုန်ခါမူကလေးတွေအနေနဲ့ ခံစားရပြီး လမ်းဆုံးပန်းတိုင်နဲ့ ပိုပိုပြီး နီးနီးလာပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment