ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 May 2012

ဥယျာဉ်မှူးပမာ ဓမ္မပင်ပျိုကို ဂရုစိုက်

ယောဂီတို့ကျင့်ခဲ့တဲ့ဟာကို တန်ဖိုးချပြီး ပြောနေတာ မဟုတ်ပါဘူး။ ယောဂီတို့ဟာ မှန်ကန်တဲ့လမ်းစဉ်မှာ မှန်ကန်တဲ့ဘက်ကို အင်မတန်တန်ဖိုးရှိလှတဲ့ မှန်ကန်တဲ့ခြေလှမ်းကို လှမ်းပြီးကြပါပြီ။ နောက်ပြီးတော့ တစ်လှမ်းပြီးတစ်လှမ်း တစ်လှမ်းပြီးတစ်လှမ်းနဲ့ လမ်းစဉ်ကိုလျှောက်ပြီး ဒုက္ခတွေချုပ်ငြိမ်းရာဖြစ်တဲ့ ပန်းတိုင်ကို ရောက်ကြရမှာ မလွဲပါဘူး။

ဒါဟာ ဘာနဲ့တူသလဲဆိုရင် အင်မတန်မြေသြဇာကောင်းတဲ့ မြေထဲမှာ အင်မတန် ကောင်းတဲ့မျိုးစေ့ကို ချလိုက်ပြီးပျိုးလိုက်သလိုပါပဲ။ ပေါက်လာတဲ့ ပင်ပျိုကလေးကို အင်မတန် ဂရုစိုက်ပြီး ကြည့်ရူပေးဖို့လိုပါတယ်။ တတ်ကျွမ်းတဲ့ ဗဟုသုတနဲ့ပြည့်စုံတဲ့ ဥယျာဉ်မှူးဆိုရင်ဖြင့် ပင်ပျိုကလေးတွေကို အထူးဂရုစိုက်ပြီး ပျိုးထောင်ပါတယ်။ နွားလာပြီး စားမသွားအောင်လို့လဲ ခြံခတ်ပေးထားရပါတယ်။ သင့်တော်တဲ့အချိန်မှာ သင့်တော်သလို ရေလောင်းပေးရ၊ နေရောင်ပေးရ၊ အရိပ်ရအောင်လည်း လုပ်ပေးရပါတယ်။

ဒီလိုပြုစုပေးတော့ ပင်ပျိုကလေးကနေပြီး ပင်စည်ကြီး တုတ်တုတ်ခိုင်ခိုင်နဲ့ အမြစ်တွေနက်နက်နဲ့ သစ်ပင်ကြီးဖြစ်လာတော့ ပြုစုပေးနေဖို့ မလိုတော့ပါဘူး။ သူကတောင်ပြန်ပြီး သူထွက်သမျှကို ပေးပါတော့တယ်။ အလားတူပဲ။ ဓမ္မပင်ပျိုကလေးကို အခုတော့ ကြည့်ရူပေးရဖို့ ဂရုစိုက်ပြီးပျိုးထောင်ပေးဖို့ အထူးလိုနေပါတယ်။ ကြီးထွားလာပြီး အပင်ကြီးဖြစ်လာတော့ ပျိုးထောင်ပေးဖို့ မလိုတော့ဘဲ တစ်သက်တာမှာ မခံစားရဖူးတဲ့ အရိပ်အာဝါသကို ခိုလူံရပါလိမ့်မယ်။ တစ်သက်တာမှာ မစားရဖူးတဲ့ အသီးတွေကိုလည်း စားရပါလိမ့်မယ်။ မကုန်မခမ်းပေးလို့သာ နေပါလိမ့်မယ်။

အခုချိန်မှတော့ ပြုစုပျိုးထောင်ပေးဖို့ အထူးလိုနေပါတယ်။ နွားလာမစားနိုင်အောင်လားဆိုတော့ ဘယ်နွားက လာစားမှာလဲ။ အိမ်ပြန်ရောက်သွားတဲ့အခါကျတော့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေက သိချင်ကြလို့ မေးကြ မြန်းကြပါလိမ့်မယ်။ ဘာတွေ လုပ်ခဲ့သတုံး။ ဘာတွေ သင်ကြားခဲ့တယ်လို့ ပြောပြတော့ မေးတဲ့ပုဂ္ဂိုလ်က တရားကို သေသေချာချာနားမလည်တော့ ဒါဟာဖြင့် တို့ရဲ့ကျင့်စဉ်လဲ မဟုတ်ပါလား။ ဒို့ရဲ့ကျင့်နေကြတရားလည်း မဟုတ်ပါလား။ ဒါဟာဒို့ရဲ့ ဂိုဏ်းထဲကမှ မဟုတ်ဘဲ အဲဒီကျင့်စဉ်ဟာ ကျင့်ဖို့မကောင်းဘူးလို့ ပြောလိုက်တော့ ယောဂီစိတ်ထဲမှာ စနောင့်စနင်း ရူပ်ထွေးသွားပြီး တရားဆက်လက်မကျင့်တော့ပဲ လက်လွှတ်လိုက်ရင်တော့ ဓမ္မပင်ပျိုလေးကို နွားလာစားသွားတာပါပဲ။

ဒီတော့ ဘယ်လို ခြံကာပေးထားရပါ့မလဲ။ သတိ၊ သမာဓိ၊ ပညာခြံစည်းရိုး ကာထားပေးရမှာ ဖြစ်ပါတယ်။ ဓမ္မပင်ပျိုကလေးကို သီလ၊ သမာဓိ၊ ပညာတွေ စောင့်ထိန်းထားပြီး ပွားများပြီး ကာကွယ်စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာကို ဘယ်သူက ကန့်ကွက်နိုင်ပါ့မလဲ။ ပြီးတော့ ဒီခြံစည်းရိုးအတွင်းမှာ မွန်မြတ်တဲ့ မေတ္တာ ကရုဏာတွေကို ပွားပေးရာမှာလည်း ဘယ်သူက ကန့်ကွက်စရာရှိပါသလဲ။ သီလ၊ သမာဓိ၊ ပညာကိုပဲ ကျင့်ပြီး ဒီပြင်အလုပ်တွေကို မလုပ်ဘူးဆိုရင် ပင်ပျိုကလေးကို ခြံကာပေးထားပြီးဖြစ်လို့ လုံခြုံနေပါပြီ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment