ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

ဟောစဉ်တရားထဲမှ မကြိုက်တာကို ပယ်ပြီးလက်ခံနိုင်

တရားကို ကိုယ်တွေ့ငါတွေ့ လုပ်ကိုင်ပါမှ အကျိုးကျေးဇူးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ၁၀-ရက်တရားပတ်ဝင်တော့ ယောဂီတို့ဟာ တရားရဲ့ လက်တွေ့လုပ်ငန်းကို မနက် ၄-နာရီခွဲကနေ ည ၉-နာရီ ၉-နာရီခွဲအထိ ကျင့်သုံးကြပါတယ်။ ညပိုင်းမှာ တရားဟောစဉ်ကတော့ လုပ်ငန်းနဲ့ပတ်သက်လို့ မရှင်းလင်းတာတွေရှိရင် ရှင်းလင်းသွားအောင်ဖြစ်ပါတယ်။

ဟောစဉ်တွေထဲမှာ လက်တွေ့လုပ်ငန်း ပဋိပတ္တိအကြောင်းများသာမဟုတ်။ တရားနဲ့ပတ်သက်တဲ့ အချက်အလက် ပရိယတ္တိတွေလည်း နည်းနည်းပါပါတယ်။ တချို့အချက်တွေကိုတော့ ယောဂီတို့က ကြိုက်ချင်မှကြိုက်လိမ့်မယ်။ လက်ခံချင်မှလည်း လက်ခံကြမှာဖြစ်ပါတယ်။ ဒါဟာဒို့ရဲ့ ယုံကြည်ချက်၊ ဒို့ရဲ့ထုံးတမ်းအစဉ်အလာတွေနဲ့ မကိုက်ညီဘူး၊ လက်မခံနိုင်ဘူးလို့ဆိုရင်လည်း ကိစ္စမရှိပါဘူး။ အဲဒီအပိုင်းကို လက်မခံပါနဲ့။ ချန်ထားခဲ့ပြီး တခြားအပိုင်းတွေကို လက်ခံကြပါ။

အခုလက်မခံနိုင်တဲ့အပိုင်းကို နောင်တစ်ချိန်မှာ လက်ခံနိုင်ရင်လည်း လက်ခံနိုင်မှာပေါ့။ လက်တွေ့ကျင့်သုံးရမယ့်တရားကတော့ ဘယ်သူဖြစ်ဖြစ် ဘယ်ဂိုဏ်ကပဲဖြစ်ဖြစ် လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဆိုကြပါစို့။ မိခင်တစ်ဦးဟာ အင်မတန်အရသာရှိတဲ့ နို့ထမင်းကို သူ့ကလေးအတွက် ချက်ကျွေးတဲ့အခါမှာ ကလေးက နို့ထမင်းထဲမှာ ခဲကလေး၊ အမည်းကလေးပါနေလို့ မစားဘူးလို့ ငြင်းပါတယ်၊ ဒီတော့မိခင်က ဒါဟာဖာလာစေ့ပါလို့ ပြောပေမယ့် မရပါဘူး။ ဒီတော့ မိခင်က ကဲကဲ အဲဒီခဲကလေးကို ထုတ်ပစ်လိုက်ပါ။ ကျန်တာစားပါ။ နောက်ကျတော့ သူ့အနံ့အရသာသိလာလို့ စားချင်ရင်လဲ စားတာပေါ့လို့ ပြောပြပေမယ့် ကလေးအမိုက်က လုံးဝမစားတော့ဘဲ သွန်ပစ်လိုက်တော့ ဘာမှမရလိုက်တော့ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment