ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

အရိုးစုကမ္မဋ္ဌာန်းရူနည်း

အရိုးစုကမ္မဋ္ဌာန်းဟူသည် သုံးဆယ့်နှစ်ကောဋ္ဌာသအစုအဝေးတွင် ပါဝင်သော အရိုး(အဋ္ဌိ)ကို စက်ဆုပ်ဖွယ်ထင်မြင်လာအောင် နှလုံးသွင်းဆင်ခြင်၍ စီးဖြန်းရသော ကမ္မဋ္ဌာန်းဖြစ်သည်။ ထိုကမ္မဋ္ဌာန်းကို အသုဘဆယ်ပါးတွင် မတင့်မတယ် စက်ဆုပ်ရွံရှာဖွယ်အရိုးစု၊ အလောင်းကောင်(အဋ္ဌိကအသုဘ)ဟု ခေါ်ဆိုထားပေသည်။ ဤ၌ အရိုးစုဟူသော စကားရပ်တွင် သုံးဆယ့်နှစ်ချောင်းသော သွားတို့မှအပ အရိုးတစ်ချောင်းကိုဖြစ်စေ၊ အရိုးစုကိုဖြစ်စေ ပွားများစီးဖြန်းနိုင်သည်။

ဤအရိုးစုကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လိုသူသည် ရှေးဦးစွာ သုံးဆယ့်နှစ်ကောဋ္ဌာသကို အာဂုံနူတ်တက် အရကျက်ခြင်း၊ စိတ်ဖြင့် အကြိမ်များစွာ ရွတ်ဆို နှလုံးသွင်းခြင်းတို့ကို ပြုလုပ်ပြီးမှသာ ဤအရိုးစုကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်သင့်ပါသည်။ အကြောင်းမူ ဤအရိုးစုကမ္မဋ္ဌာန်းသည် သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးတွင် ပါဝင်သည့် ကမ္မဋ္ဌာန်းဖြစ်သောကြောင့်ဖြစ်သည်။

ကမ္မဋ္ဌာန်း စီးဖြန်းရန် အစီအစဉ်
ဤကမ္မဋ္ဌာန်းကို စီးဖြန်းမည့်သူသည် -

(ပထမ) အရိုးစုများကို ကျေညက်စွာ နှလုံးသွင်းဆင်ခြင်ခြင်း၊
(ဒုတိယ) အဆင်း စသည်ဖြင့် မှတ်သား၍ နှလုံးသွင်းဆင်ခြင်ခြင်း၊
(တတိယ) အဆင်း စသည်ကို စက်ဆုပ်ဖွယ် ထင်မြင်လာအောင် နှလုံးသွင်း ဆင်ခြင်ခြင်း -
ဟူသော အစီအစဉ်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အားထုတ်သင့်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment