ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

နူတ်က ဘာကိုမှ မရွတ်ရ

ဒီကမ္မဋ္ဌာန်းနည်းနဲ့ `အာနာပါနနဲ့ပဲဖြစ်ဖြစ်၊ ၀ိပဿနာနဲ့ပဲဖြစ်ဖြစ်´ ကျင့်နေတဲ့အခါမှာ နူတ်ကဘာကိုမှ မရွတ်ရ၊ မဆိုရပါဘူး။ စိတ်ကူးနဲ့လဲ ဘာကိုမှ မြင်တွေ့မရပါဘူး။ တရားထိုင်ရာမှာ နည်းတွေကတော့ အမျိုးမျိုးပဲရှိကြပါတယ်။ နည်းတစ်ခုမှာ ထူးခြားချက် တစ်မျိုးစီလဲ ရှိပါတယ်။ ဒါက ဒီနည်းရဲ့ ထူးခြားချက်ကို ပြောပြနေတာပါ။

ဘယ်နည်းကိုမှ ပုတ်ခတ် ပြောဆိုနေတာ မဟုတ်ပါဘူး။ ဒီနည်းနဲ့ ကျင့်မယ်ဆိုရင် ဒီနည်းအတိုင်းကျင့်ပါမှ ဒီနည်းရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ယထာဘူတ ဉာဏဒဿန = ဖြစ်ပျက်နေတာတွေကို ဖြစ်ပျက်နေတဲ့အတိုင်း၊ အဟုတ်ကို အဟုတ်အတိုင်း၊ အရှိကို အရှိအတိုင်း မှန်ကန်တဲ့ သိနားလည်မူပညာနဲ့ ဉာဏ်နဲ့ရူနေဖို့ရာ ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေကို ကိုယ်နဲ့မဆိုင်သလို ကိုယ့်ဝေဒနာမဟုတ်သလို စိတ်ကိုခွာခွာထားပြီး ရူတတ်ဖို့ရာဖြစ်ပါတယ်။ ဒီတော့မှလည်း တရားကို တကယ်ကိုယ်တွေ့ နားလည်မှာဖြစ်ပါတယ်။

မတည်မြဲတာကိုရူပြီး `မတည်မြဲပါလား၊ ပြောင်းလဲနေပါလား´လို့ သိနားလည်ပြီး ရူဖို့ရာ ဖြစ်ပါတယ်။ ငါမဟုတ် ငါ့ဟာမဟုတ်တာတွေကို ငါ့အတွေးအခေါ် ငါ့ယုံကြည်မူတွေနဲ့ ရူနေရင်တော့ ယထာဘူတ မကျနိုင်ပါဘူး။ ကိုယ်ဖြစ်ချင်သလို မဟုတ်ပါဘူး။ သူတကယ်ဖြစ်ပျက်နေတာကို ရူရမှာဖြစ်ပါတယ်။ နူတ်က တစ်ခုခုကို ရွတ်ဖတ်နေရင်၊ မဟုတ်ရင်လဲ စိတ်နဲ့တစ်ခုခုကို မြင်ကြည့်နေရင် စိတ်ကိုလွယ်လွယ်နဲ့ ထိန်းထားလို့၊ အာရုံကို စိုက်ထားလို့ ရတာကတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီကမ္မဋ္ဌာန်းနည်းရဲ့ ရည်ရွယ်ချက်က စိတ်စူးစိုက်ထားဖို့ရာ၊ သမာဓိထူထောင်ထားဖို့ရာ မဟုတ်ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment