ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 May 2012

သမထကမ္မဋ္ဌာန်း(၄၀)သရုပ်နှင့် အဓိပ္ပာယ်အကျဉ်း

`ကမ္မဋ္ဌာန်း´ဟူသော ဝေါဟာရသည်လည်း ပါဠိသက်ဝေါဟာရဖြစ်၏၊ `ကမ္မဋ္ဌာန´ဟူသော ပါဠိမှ ဆင်းသက်လာ၏၊ ရူမှတ်ဖွယ်အာရုံအမျိုးမျိုးဟု အဓိပ္ပာယ်ရှိသည်။ ထိုကမ္မဋ္ဌာန်းသည် သမထကမ္မဋ္ဌာန်း၊ ၀ိပဿနာကမ္မဋ္ဌာန်းဟု (၂)မျိုးရှိသည်။

ထိုတွင် သမထကမ္မဋ္ဌာန်းကား အမျိုးအစားအားဖြင့် (၄၀)ရှိသည်။ ကသိုဏ်း (၁၀)ပါး၊ အသုဘ(၁၀)ပါး၊ အနုဿတိ(၁၀)ပါး၊ ဗြဟ္မ၀ိဟာရ (၄)ပါး၊ အာရုပ္ပ(၄)ပါး၊ ၀၀တ္ထာန်(၁)ပါးတို့ ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment