ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

ဒိသာဖရဏ မေတ္တာပွားနည်း (အရပ်မျက်နှာဖြန့်လျက် မေတ္တာပွားနည်း)

၁။ (က) အရှေ့အရပ်၌ရှိသော အားလုံးသော သတ္တ၀ါတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(ခ) အရှေ့အရပ်၌ရှိသော အားလုံးသော အသက်ရှူသွူ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(ဂ) အရှေ့အရပ်၌ရှိသော အားလုံးသော ထင်ရှားဖြစ်သူတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(ဃ) အရှေ့အရပ်၌ရှိသော အားလုံးသော ပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(င) အရှေ့အရပ်၌ရှိသော အားလုံးသော အတ္တဘော၌ အတွင်းဝင်သူတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(စ) အရှေ့အရပ်၌ရှိသော အားလုံးသောအမျိုးသမီးတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(ဆ) အရှေ့အရပ်၌ရှိသော အားလုံးသော အမျိုးသားတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(ဇ) အရှေ့အရပ်၌ရှိသော အားလုံးသော အရိယာတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(ဈ) အရှေ့အရပ်၌ရှိသော အားလုံးသော ပုထုဇဉ်တွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(ည) အရှေ့အရပ်၌ရှိသော အားလုံးသော နတ် (ဗြဟ္မာ)တွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(ဋ) အရှေ့အရပ်၌ရှိသော အားလုံးသော လူတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

(ဌ) အရှေ့အရပ်၌ရှိသော အားလုံးသော အပါယ်ဘုံသားတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။

ဟု အရှေ့အရပ်၌ (၁၂)ချက် မေတ္တာပွားသကဲ့သို့ ကျန်အရပ် (၉)မျက်နှာတို့ကိုလည်း (၁၂)ချက်စီ မေတ္တာပွားရမည်။ ဈာန်မရသေးသော ပုဂ္ဂိုလ်များလည်း ဤမေတ္တာပွားနည်းအတိုင်း မေတ္တာပွားနိုင်သည်။ ဖော်ပြပါ မေတ္တာပွားနည်းများအနက် တစ်နည်းနည်းဖြင့် မေတ္တာပွားများသော ပုဂ္ဂိုလ်သည် -

၁။ ချမ်းသာစွာ အိပ်ရခြင်း၊
၂။ ချမ်းသာစွာ နိုးထရခြင်း၊
၃။ အိပ်မက်ဆိုး မမြင်မက်ခြင်း၊
၎။ လူများ ချစ်ခင် မြတ်နိုးခြင်း၊
၅။ နတ်များ ချစ်ခင် မြတ်နိုင်းခြင်း၊
၆။ နတ်များ ချစ်ခင် စောင့်ရှောက်ခြင်း၊
၇။ မီး၊ အဆိပ်၊ လက်နက်ဘေး မသင့်ခြင်း၊
၈။ လျင်စွာ စိတ်တည်ကြည်ခြင်း၊
၉။ မျက်နှာ ကြည်လင်ခြင်း၊
၁၀။ မတွေဝေဘဲ သေရခြင်း၊
၁၁။ သေလျှင် ဗြဟ္မာပြည်သို့ ရောက်ရခြင်း -
ဟူသော မေတ္တာအကျိုး (၁၁)မျိုးတို့ကို ရရှိကြမည်ဖြစ်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment