မသိစိတ်လို့ခေါ်တဲ့ စိတ်ရဲ့အနက်ရိုင်းဆုံးအပိုင်းဟာ အမြဲပဲ ခန္ဓာကိုယ်ပေါ်ပေါ်နေတဲ့ ဝေဒနာတွေနဲ့ ဆက်သွယ်နေပါတယ်။ အရင်က ဥပမာပြခဲ့သလိုပါပဲ။ ယောဂီက အိပ်မောကျနေတဲ့အခါမှာ စိတ်ရဲ့ အပေါ်ယံအပိုင်းက အသိစိတ်ကလည်း အိပ်နေတော့ ခြင်ကိုက်လိုက်တာကို မသိလိုက်ပါဘူး။
စိတ်ရဲ့ နက်ရိုင်းတဲ့ မသိစိတ်အပိုင်းကတော့ ခြင်ကိုက်လိုက်တာကို သိလိုက်ပါတယ်။ သိပြီးတော့လဲ တုံ့ပြန်လိုက်ပါတယ်။ ယောဂီနိုးနေတဲ့ အချိန်များမှာလည်း ဒီလိုပါပဲ၊ ထိုင်ရတာကြာလို့ ညောင်းညာလာတာကို စိတ်ရဲ့ အပေါ်ယံအပိုင်းကတော့ ဒီပြင့်အာရုံတွေဆီမှာ ရောက်နေလို့ ညောင်းတာကို သတိမမူမိပါဘူး။ ဒါပေမယ့် စိတ်ရဲ့ နက်ရိုင်းတဲ့အပိုင်းက သိပြီးတုံ့ပြန်လိုက်တော့ ယောဂီက အမှတ်တမဲ့ နေရာပြောင်းပြီး ထိုင်လိုက်ပါတယ်။ နေရာပြောင်းလိုက်မှန်းကိုတောင် သတိမပြုမိပါဘူး။ စိတ်ရဲ့ နက်ရိုင်းတဲ့အပိုင်းက ဝေဒနာနဲ့ အမြဲဆက်သွယ်နေတယ်ဆိုတာကို ပြတာပါပဲ။
ဒါကြောင့် ယောဂီဟာ သိမ်မွေ့ဝေဒနာကို မခံစားရဘူးဆိုရင် စိတ်ရဲ့နက်ရိုင်းတဲ့အပိုင်းနဲ့ မဆက်သွယ်နိုင်သေးပါဘူး။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment