ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

၁-နှစ် ၁-ခါ ၁၀-ရက် တရားပတ် ၀င်ဖို့လို

ဒါ့အပြင်လဲ တစ်နှစ်မှာ တစ်ခါလောက်တော့ ၁၀-ရက်တရားပတ်ဝင်ဖို့လိုပါတယ်။ ဓမ္မရေယာဉ်ထဲမှာ ၁၀-ရက်လောက်မြှုပ်လိုက်ရင် လန်းဆန်းလာပြီး ခွန်အားသစ်တွေ တိုးတက်လာပြီး ဘ၀ရဲ့ အတက်အကျတွေ လောကဓံတရားတွေကို နောက်တစ်နှစ်အတွက် ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

တရားစခန်းလာပြီး ၁၀-ရက်ထိုင်နိုင်ရင်တော့ ကောင်းတာပေါ့။ မလာနိုင်ရင်လဲ ကိစ္စမရှိပါဘူး။ အခုယောဂီတို့ဟာ တရားနဲ့ပတ်သက်တဲ့ လုပ်ငန်းအစီအစဉ်၊ အချိန်ဇယား၊ စည်းကမ်းတွေ အကုန်သိကြပြီပဲ။ ဒီအတိုင်း ပဲအိမ်မှာ ကိုယ့်ဟာကိုယ် တရားပတ်ဝင်တာပေါ့။

ဆရာ့ကို အကြောင်းကြားနိုင်ရင်လဲ ဆရာက အောင်မြင်စေကြောင်း မေတ္တာပို့နိုင်တာပေါ့။ ဆရာ့ကို အကြောင်းမကြားရင်လဲ ဘာမှကိစ္စမရှိပါဘူး။ ကိုယ့်ဟာကိုယ် ယုံကြည်ချက်နဲ့ လုပ်ငန်းကိုစရင် ဓမ္မဓတုတွေက ယောဂီတွေကို ကူညီစောင့်ရှောက်ပါလိမ့်မယ်။ တရားဝင်တာ တရားရူတာကတော့ အချိန်အကန့်အသတ် မရှိပါဘူး။ အချိန်ရရင် ရသလို အသုံးပြုကြတာပေါ့။ ယောဂီရဲ့ အလုပ်ခွင်ထဲမှာဆိုရင်တော့ စိတ်ကို ရာခိုင်နူန်းပြည့် အလုပ်ထဲမှာပဲထားပါ။ အပြင်တစ်ဝက် အတွင်းတစ်ဝက် အလုပ်ပါနဲ့။ အလုပ်ရာခိုင်နူန်းအပြည့် စိတ်စိုက်ပြီးလုပ်တော့ ယောဂီအလုပ်မှာလဲ အောင်မြင်နိုင်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment