ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

ဂုရုကြီး ခေါင်းကိုက်ရောဂါ

ဂုရုကြီးဦးဂိုအင်ကာဟာ အိန္ဒိယလူမျိုး ဖြစ်သော်လည်း သူ့အဘိုးလက်ထက်ကစပြီး မြန်မာပြည်မှာလာနေတော့ မြန်မာပြည်မှာပဲ မွေးဖွားခဲ့ပါတယ်။ အသက် ၂၀-ကျော်လောက်ကစပြီး စီးပွားရေး၊ ကုန်သွယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်လာတာ အင်မတန် အောင်မြင်ခဲ့ပြီး ၀င်ငွေကလဲ အင်မတန်ပဲ ကောင်းခဲ့ပါတယ်။ သူတို့ လူမျိုးအဖွဲ့အစည်းတွေထဲမှာလဲ လူမူကိစ္စတွေအတွက် တော်တော်များများပဲ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး အင်မတန်ပြင်းထန်တဲ့ ခေါင်းကိုက်ရောဂါ စွဲကပ်ခဲ့ပါတယ်။ ဆေးသောက်လို့လဲ မပျောက်ပါဘူး။ ခေါင်းကိုက်ထလာပြီဆိုရင် မခံမရပ်နိုင်လောက်အောင် ခံရလွန်းတော့ မောဖိန်းဆေးထိုးပေးရပါတယ်။ မြန်မာပြည်မှာ ရှိရှိသမျှ သမားကျော်ကြီးတွေ လဲစုံနေပါပြီ။ ဒီလိုနဲ့ ၅-နှစ်လောက်ကြာတော့ ဒီဆရာဝန်ကြီးတွေကပဲ နိုင်ငံခြားသွားပြီး ဆေးကုဖို့ အကြံပေးကြပါတယ်။ ဒါနဲ့ ဂုရုကြီးက အင်္ဂလန်၊ အမေရိကန်၊ ဆွတ်ဇာလန်၊ ဂျာမနီ၊ ဂျပန် အစရှိတဲ့ တိုင်းပြည်တွေမှာ ငွေကြေးတွေအကုန်ခံပြီးတော့ အကောင်းဆုံး ဆရာဝန်ကြီးတွေနဲ့ ကုသပါတယ်။ အချိန်တွေသာကုန် ငွေတွေသာကုန်ပြီး ပြန်လာခဲ့ရပါတယ်။ ရောဂါကတော့ မပျောက်ခဲ့ပါဘူး။ ပိုလို့တောင် ဆိုးနေပါသေးတယ်။

မြန်မာပြည်ပြန်ရောက်လာတော့ မိတ်ဆွေတစ်ဦးက ခင်ဗျားရောဂါဟာ စိတ်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပါတယ်။ ၁၀-ရက်တရားပတ် ၀င်ကြည်ပါလား။ ရောဂါပျောက်ချင်လဲ ပျောက်သွားမယ်လို့ဆိုပြီး ဆရာကြီးဦးဘခင်ရဲ့ တရားစခန်းကို ညွှန်ပြပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment