ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

မေတ္တာပို့ အမျှဝေကြ

နောက်တစ်ခုတော့ မနက်နဲ့ည တရားထိုင်ပြီးတဲ့အခါ မေတ္တာပို့အမျှဝေတဲ့အခါမှာ ဂုရုကြီးက သူ့ကိုလည်း မမေ့ကြပါနဲ့လို့ ပြောပါတယ်။ မေ့နေရင်တောင်မှ လူနတ်ဗြဟ္မာ သတ္တ၀ါတွေအားလုံး ချမ်းသာကြပါစေလို့ဆိုရင် သူလည်း အများထဲက လူတစ်ယောက်ပါပဲလို့ ပြောပါတယ်။ တရားကို တိုးပွားအောင်လုပ်ကြပါ။ တရားစစ် တရားမှန်တွေဟာ ဘ၀ဘ၀က အင်မတန် ကုသိုလ်ကောင်းမူတွေ လုပ်လာမှသာ အင်မတန် ကံကောင်းပါမှသာ ရနိုင်တာမျိုးဖြစ်ပါတယ်။

အခုလို တရားစခန်းမှာ လာပြီးတော့ တရားစစ်၊ တရားမှန်၊ အပြစ်လုံးဝကင်းတဲ့တရား၊ ဒီဘ၀မှာတင် အကျိုးပေးနိုင်တဲ့တရားကို ရတယ်ဆိုတာဟာ အင်မတန့် အင်မတန် ပါရမီထူးလို့ ကုသိုလ်ထူးလို့ ဖြစ်ကြပါတယ်။ ဒီတရားကို ကျင့်သုံးခြင်းအားဖြင့် ဆင်းရဲဒုက္ခတွေက လွန်မြောက်ကြပါလိမ့်မယ်။ မိမိအကျိုးအတွက်သာမက လူအများအကျိုးလည်း ဖြစ်ပါတယ်။

ဒီကမ္ဘာလောကကြီးဟာ ဆင်းရဲအတိနဲ့ဖြစ်ပြီး လူတွေက ဒုက္ခတွေ အမျိုးမျိုးခံစားနေကြရပါတယ်။ လူတွေကို ဆင်းရဲက လွတ်မြောက်ကြရအောင် တတ်အားသရွေ့ကူညီကြပါ၊ မစကြပါ၊ တရားပွားကြပါ၊ ဒီတရားပတ်မဆုံးခင် အဆုံးမသတ်ခင် ခဏလောက် မေတ္တာဘာဝနာ ပွားကြရအောင်၊ အမျှအတမ်းပေးဝေကြရအောင်။ ဒီ ၁၀-ရက်တရားပတ်မှာ ယောဂီတွေ ပြုခဲ့ကြတဲ့ ကုသိုလ်ကောင်းမူတွေကို မေတ္တာပို့အမျှဝေကြရအောင် ယောဂီအားလုံးမေတ္တာပို့ အမျှဝေကြပါ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment