ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

၁-နေ့ ၂-ကြိမ် တရားထိုင်

ပထမတစ်နှစ်ကို အဓိဋ္ဌာန်နဲ့ ကျင့်လာရင် နောက်ပိုင်းမှာ အထူးအားစိုက်စရာမလိုတော့ပါဘူး။ မနက် ၁-နာရီ ညနေ ၁-နာရီ ကိုယ်နဲ့သင့်တော်သလိုကျင့်ပါ။ တတ်နိုင်ရင် တရားကျင့်ချိန်ကို အချိန်မှန်ထားပါ။ နေရာကိုတော့ နေရာသတ်သတ်ထားနိုင်ရင်တော့ ပိုလို့ကောင်ပါတယ်။

တချို့နေရာတွေမှာ ဒီအချိန် ဒီနေရာမှာ မထိုင်နိုင်ဘူးဆိုရင်လည်း အထိုင်တော့ မပျက်ပါစေနဲ့ ဘယ်အချိန်မဆို ဘယ်နေရာမှာမဆို ရတဲ့အချိန် ရတဲ့နေရာမှာပဲ တစ်နေ့ကို ၂-ကြိမ်တော့ ထိုင်ဖြစ်အောင်ထိုင်ပါ။ ညအိပ်ရာဝင်တဲ့အခါမှာလည်း အိပ်ရာထဲမှာ မျက်စိပိတ်ပြီး ဝေဒနာတွေကို အနိစ္စနဲ့ရူပြီး အိပ်ပါ။ မနက်အိပ်ရာကနိုးတော့လည်း (အနိစ္စ)သတိရှိပြီးနေပါ။ သတိရှိပြီး ထပါ။ မအိပ်ခင် ၅-မိနစ် အိပ်ရာထ ၅-မိနစ် ရူနိုင်ရင် အင်မတန် အကျိုးရှိပါတယ်၊ မြို့ထဲမှာ ရွာထဲမှာ အရပ်ထဲမှာ ၀ိပဿနာယောဂီ တစ်ဦးထက်ပိုပြီးရှိတယ်ဆိုရင် ဘယ်နေ့ ဘယ်အချိန်လို့ သတ်မှတ်ပြီး တစ်ပတ်မှာ အနည်းဆုံးတစ်ခါတော့ စုပေါင်းပြီး တရားထိုင်ကြပါ။

ယောဂီမှာ ပြဿနာတစ်ခုခုရှိနေလို့ ၀ိပဿနာဝေးစွာ အာနာပါနကိုတောင် မရူနိုင်ဘူးဆိုရင် တခြားယောဂီတွေ ဓမ္မညီအစ်ကိုမောင်နှမတွေ စုပြီးတရားထိုင်ကြတဲ့အခါ ယောဂီရဲ့တရားက တက်လာပြီး ထိုင်လို့ရလာပါလိမ့်မယ်။ ဒီတော့ဘ၀မှာ တွေ့ရကြုံရတဲ့ ပြဿနာတွေကို ရင်ဆိုင်လာနိုင်တာပေါ့။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment