ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

လူသည် ငှက်ပမာ ၂-ကြိမ် မွေးခံရ

လူတိုင်းလူတိုင်းဟာ ငှက်တွေလိုဘဲ ၂-ကြိမ် ၂-ခါ အမွေးခံခဲ့ရပါတယ်၊ ပထမအကြိမ်ကတော့ ငှက်မကြီးက ဥအဖြစ်နဲ့ ဥလိုက်ပြီး မွေးထုတ်လိုက်တာ ဖြစ်ပါတယ်၊ ဒုတိယအကြိမ် မွေးတာကတော့ ဥအခွံပေါက်ကွဲပြီး ငှက်လေးထွက်လာတာ၊ အဲဒါကမှ တကယ်အမှန်မွေးတာဖြစ်ပါတယ်။

လူတွေမှာလည်း ဒီလိုပါပဲ၊ မိခင်က မွေးလိုက်တဲ့ အချိန်မှာ ဥအခွံလိုပဲ၊ မသိမူအ၀ိဇ္ဗာဖုံးအုပ်ပြီး နေကြပါတယ်။ မသိမူအ၀ိဇ္ဇာထုကြီး ဖယ်ရှားသွားတဲ့အခါမှာ ဥထဲက ထွက်လာသလိုပဲ ဒုတိယအကြိမ် တကယ်မွေးခြင်း၊ တကယ် လူဖြစ်ရခြင်း ဖြစ်ပါတယ်။

ဆရာကြီး ဦးဘခင်ကလည်း ဂုရုကြီးကို တကယ်မွေးခြင်း၊ တကယ်ဓမ္မလူဖြစ်ရခြင်းကိုပေးပြီး ဦးဂိုအင်ကာအသစ် မွေးထုတ်လိုက်တာဖြစ်ပါတယ်။ လူအသစ် ဘ၀အသစ် ဖြစ်လာတော့တာပါပဲ။ ဒီတော့မှပဲ တရားကိုရူနိုင်လာပါတော့တယ်။ အရင်ကတော့ စိတ်ထင်မြင်ချက်အရတွေ၊ ယုံကြည်မူတွေ၊ အမြင်မှားတွေသာဖြစ်နေပြီး ဘယ်လိုမှ ခရီးမရောက်ခဲ့ပါဘူး။ ဘာအကျိုးမှလည်း မခံစားရပါဘူး။ ဒီဘ၀သစ်ကို ရူပြီးတော့မှဘဲ ဘ၀ဟာလည်း ဝေေ၀ဆာဆာ ရှိလာပါတော့တယ်။ ဒီဘ၀သစ်ကို ဖန်တီးပေးတဲ့ ဓမ္မဖခင်ကြီးရဲ့ ကျေးဇူးကို ဘယ်လိုဆပ်ရမလဲဆိုတာကို စဉ်းစားလိုက်တော့ အကြံ တစ်ခုပေါ်လာပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment