ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

ဓမ္မရဲ့ လက်တွေ့လုပ်ငန်းများ

ဒီလိုပါပဲ။ ဟောစဉ်တရားထဲမှာ ခဲကလေးလို့ထင်တာ မကြိုက်မနှစ်သက်တာတွေပါလာရင်လည်း ဒါကိုထုတ်ပစ်လိုက်ပြီး ကျန်တဲ့တရားကိုတော့ လက်ခံပြီးသုံးဆောင်ကြပါ။ လက်တွေ့တရားလုပ်ငန်းကတော့ ဘာတစ်ခုကိုမှ မကြိုက်စရာ ထုတ်ပစ်ဖို့ရာ မလိုပါဘူး။ ထုတ်ပစ်စရာ မကြိုက်စရာလည်း မပါပါဘူး။

ပထမလက်တွေ့လုပ်ငန်းက သီလကိုစောင့်ထိန်းရမှာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ နူတ်နဲ့ဖြစ်ဖြစ် ကိုယ်အပြုအမူနဲ့ပဲဖြစ်ဖြစ် အန္တရာယ် မလုပ်ဖို့ပါဘဲ။ သူတစ်ဦးကို အန္တရာယ်ပြုလိုက်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုက်တာပါဘဲ။ ဒါဟာ သဘာဝဓမ္မပါပဲ။ ဘယ်လူမျိုး၊ ဘယ်ဘာ၀၀င်ပဲဖြစ်ဖြစ် အတူတူပါပဲ။

နောက် ဒုတိယလက်တွေ့လုပ်ငန်းကတော့ သမာဓိထူထောင်ရမှာဖြစ်ပါတယ်။ စိတ်ကို ထိန်းသိမ်းပြီးတော့ တည်ကြည်ငြိမ်သက်လာအောင် ထားဖို့ပါပဲ။ ကိုယ့်စိတ်ကိုကိုယ်မထိန်းနိုင်တဲ့သူဟာ စိတ်ဆင်းရဲမူကို ခံစားရပါတယ်။ ဒီတော့ သမာဓိလုပ်ငန်းမှာ ဘာများ ကန့်ကွက်စရာရှိပါသလဲ။

တတိယလက်တွေ့လုပ်ငန်းကတော့ ပညာသိက္ခာကို ပွားများဖို့ရာဖြစ်ပြီး စိတ်အတွင်းမှာရှိတဲ့ အကုသိုလ်တွေ ကိလေသာအညစ်အကြေးတွေကို ကုန်စင်အောင် သန့်ရှင်းစင်ကြယ်လာအောင်လုပ်ပြီး ကောင်းတဲ့ မွန်မြတ်တဲံ့ မေတ္တာတို့ ကရုဏာတို့ ကုသိုလ်စိတ်တို့ကို မွေးတာဟာလဲ အားလုံးကပဲ လက်ခံနိုင်ကြမှာပါပဲ။ ဒီဓမ္မရဲ့ လက်တွေ့လုပ်ငန်းကသာ ယောဂီတို့ကို အကျိုးကျေးဇူး ခံစားခွင့်ပေးမှာဖြစ်ပါတယ်။ တရားတွေ ဘယ်လောက်တတ်သိနေပြီး လက်ခံနေပေမယ့်လို့ တရားကိုတော့ ကိုယ်တွေ့မကျင့်သုံးဘူးဆိုရင် ဘာအကျိုးမှ ခံစားနိုင်မှာ မဟုတ်ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment